မနက်စောစော အိပ်ယာထကာ ချာတိတ်စီသွားဖို့ အလုပ် အိမ်ရှေ့ကိုလှမ်းကြည့်လိုက်တာ.အိမ်ရှေ့မှာ ချာတိတ်ရဲ့ ကားကို မတွေ့တာကြောင့် လူကချက်ချင်းဆိုသလို ထူပူသွားကာ စိုးရိမ်စိတ်က ကြီးဆိုးသွားခဲ့တယ်..
အိတ်ထဲက ဖုန်းကို ထုတ်ကာ ဆက်ကြည့်တော့ စက်ပိတ်ထားတယ်တဲ့.. appa နဲ့ omma ကို ဆက်ကြည့်တော့လည်း အိမ်ကိုလာမယ်လို့မပြောဘူးတဲ့..
ဘယ်တွေသွားနေတာလည်း ချာတိတ်ရယ် ဦးကို စိတ်ပူအောင်မလုပ်ပါနဲ့ ..
ကျွန်တော်ကျောင်းရောက်တဲ့ထိ စိတ်က ချာတိတ်စီမှာပဲ တချိန်လုံးစက်ပိတ်ထားတာကြောင့် ဘာအဆက်အသွယ်မှ ခုထိမရသေး.. Jimin တို့စီလည်း ဆက်တော့ သူတို့စီ မလာဘူးတဲ့.. စာသာသင်နေရတာ စိတ်ကမပါ..
...ဒီနေ့ အရမ်းတွေ့ချင်နေတဲ့ သူစီ မနက်စောစော ထွက်လာခဲ့လိုက်တယ်..
ဒီကြားထဲ ခံစားခဲ့ရတာတွေ အတွက် သူရော ဘယ်လိုနေလည်း သိချင်တာကြောင့် ဦး မသိအောင်အစောကြီးထွက်လာခဲ့တာ..
ပြောရရင် ဒီကြားထဲ ဦး နဲ့လည်း စကားမပြောချင်သေးသလို..တွေ့လည်းမတွေ့ချင်သေး..
ကျွန်တော်ကအရမ်းကလေးဆန်နေမလား..ဦး ကို အရမ်းချစ်လွန်းလို့ ကျွန်တော်ရဲ့ စိတ်က နဲနဲလေးတောင် ဦး နဲ့ ပက်သက်လာရင် အတိန်းအစောင်း မခံနိုင်ဘူး..
ကျွန်တော် ချစ်သလောက်ပြန်ချစ်တာကိုပဲ လိုချင်တာ. အချစ်ကိုမျှဝေရတာတွေ မလိုချင်သလို.. ကျွန်တော်အတွက် အချိန်မှာ အခြားသူကို မျှဝေပေးရတာကိုလည်း မကြိုက်ဘူး အရာရာ ကျွန်တော်က ပထမ ဦးစားပေးပဲ ဖြစ်ချင်တာ..
ဒါက ဦး အပေါ်ထားတဲ့ ကျွန်တော်ရဲ့ အတ္တတွေပဲ ...
ကားပါးကင်မှာ ကားကို ရပ်ကာ တွေ့ချင်တဲ့ သူရှိရာစီသို့...
"ထောင်သား 1007 ဧည့်သည်လာတယ် "
မှန်ခန်းတခုရဲ့ တဘက်တချက်စီမှာ ရှိနေတဲ့ လူနှစ်ယောက် တယောက်က ပြုံးလို့ တယောက်ကတော့ အညိုးကြီးစွာ ဒေါသထွက်နေတဲ့ မျက်နှာထားနဲ့ပေါ့
" ဘာလာလုပ်တာလည်း "
" အဆင်ပြေနေလား လာကြည့်တာ "