မနက်စောစော မနက်စာ ပြင်နေတဲ့ ကျွန်တော်ကို အနောက်ကနေသိုင်းဖတ်ထားပြီး လိုက်ရှုတ်နေတဲ့ ချာတိတ်..
ကျောပြင်ကို အနမ်းတွေ တပြွတ်ပြွတ်ပေးလိုက် မထင်ရင် မထင်သလိုကိုက်လိုက်မျိုးစုံလုပ်နေတဲ့ ချာတိတ်..
ဟင်းအိုးပူကိုင်မလို့အလုပ် အနောက်က နေ လက်မောင်းကို ကိုက်လိုက်တာကြောင့် လက်က တွန့်သွားကာ အပူကိုမှ သေချာကိုင်မိသလိုဖြစ်သွားတယ်..
ဒါကို အော်လိုက်မိတော့ ဖတ်နေတာကို လွှတ်ချလိုက်ပြီး အနောက်မှာ ဆူပုတ်ပြီး ရပ်နေတဲ့ ချာတိတ်
" ချာတိတ်! !! "
အော်လိုက်မိတာကြောင့် ပြန်ချော့မလို့ လုပ်ပေ
မယ့် အကောက်လေးက အချော့မခံ..လှည့်ထွက်သွားဖို့ ပြင်နေလို့ လက်ကနေဆွဲလို့ မချီ လိုက်ပြီး ဘေစင်ပေါ်တင်လိုက်ကာ..သူရှေ့
တည့်တည့်ကနေ ခါးကိုကုန်းကာ ဘေစင်ကို လက်ထောက်လိုက်ပြီ.မျက်နှာရှေ့တည့်တည့် ကနေ" ဒီနှုတ်ခမ်းလေးနဲ့ ကိုက်တာလား "
ကျွန်တော်မေးပြီးတာနဲ့ အဖြေ မစောင့်တော့ပဲ ချာတိတ်ရဲ့ အောက်နှုတ်ခမ်းလေးကို ရှေ့သွားလေးတွေနဲ့ လှမ်းကိုက်လိုက်တယ်
" အ့ ဦး လွှတ်ပေး"
ရင်ဘက်တွေ ကို ထုကာ လွှတ်ပေးဖို့ မပီကလာ ပီကလာနဲ့ တောင်းဆိုနေတဲ့ ချာတိတ်..
ခဏလောက်နေမှ လွှတ်ပေးလိုက်တော့" နာသွားပြီ ဘာလို့ ကိုက်တာလည်း "
" ဘယ်နားနာသွားတာလည်း "
အောက်နှုတ်ခမ်းလေးကို အပြင်သို့ ထော်ပြလာတဲ့ ချာတိတ် ကြည့်လိုက်တော့ အောက်နှုတ်ခမ်းလေးပေါ်မှာ သွားရာလေးက ထင်းလို့
" ဟုတ်လား ဆေးပြန်ထည့်ပေးရမှာပေါ့ "
ပြောပြီးတာနဲ့ ဆူထော်နေတဲ့ နှုတ်ခမ်းကို စုပ်ယူပေး လိုက်တော့.. မျက်လုံးအပြူးသားနဲ့ ချာတိတ်..
" ဦးး အဲ့တာဆေးထည့်တာလား "
" ဘာလည်း နှုတ်ခမ်းတခုလုံးကို ထည့်ပေးစေချင်တာလား "