အိမ်ရှေ့က ဘဲလ်သံကြောင့် အိပ်ယာထဲက ကုန်းရုန်းထကာ အိမ်မှုံစုတ်ဖွားနဲ့ ဆံပင်က ပွလို့ ဝတ်ထားတဲ့ ညဝတ်အကျီကလည်း ကြယ်သီးက
အပြည့်မတက်ထားတာကြောင့် ရွဲ့စောင်းလို့နေသည်..အိမ်နေရင်း ဂွင်းထိုးဖိနပ်ကို စီးကာ အိမ်ရှေ့ကို ထွက်လာလိုက်ပြီး တံခါးဖွင့်လိုက်တော့
" ဦးး စောကြီး ဘာလာလုပ်တာလည်း "
" မနက်စာ တူတူ စားမလို့ "
" ဟုတ် "သူရှေ့မှာ မျက်လုံးတောင်မပွင့်သေးတဲ့ ချာတိတ်ကို ပွေ့ချီလိုက်တော့ လန့်သွားမယ်ထင်တာ..
မလန့်တဲ့ အပြင် သူပခုံးကိုတောင်မှီလိုက်ပြီး ကျေးဇူးတင်စကားတောင်ဆိုလိုက်သေးသည်..
" ကျေးဇူး ဦး "
အိမ်ထဲရောက်တော့ မွေ့ယာပေါ်သာ ပြန်တင်ပေးလိုက်ပြီး ကျွန်တော်ကတော့ မီးဖိုခန်းမှာ မနက်စာ ပြင်ဆင်နေလိုက်တယ်..
8:00 နာရီလောက်မှ ပြင်ဆင်ပြီး ထွက်လာတဲ့ ချာတိတ် ကျွန်တော်ကိုလည်း မြင်ရော..
" ဦး ဘယ်တုန်းက ရောက်နေတာလည်း..တံခါးက ဘယ်သူဖွင့်ပေးတာလည်း "
" ချာတိတ် မနောက်နဲ့လေ "သူကနောက်နေတယ်ထင်လို့ပြောလိုက်ပေမယ့် ရှေ့က ချာတိတ်က မျက်လုံးအပြူးသားနဲ့ ကြည့်နေတော့ တကယ်ပဲ ခုဏအိပ်ယာမနိုးသေးပဲ လာဖွင့်တာလား.. ကျေးဇူးတင်စကားကရော..
"ခုဏ ချာတိတ် လာဖွင့်ပေးတာလေ.. ဦးက ပွေ့ချီပြီး အိမ်ထဲခေါ်လာတော့ ကျေးဇူး လို့တောင်ပြောသေးတယ်လေ "
ကိုယ့်ရှေ့မှာ မျက်တောင်လေးပုတ်ခက်ပုတ်ခက် လုပ်နေပြီး စဥ်းစားနေတဲ့ ချာတိတ်.. လူကို အသဲတွေယားအောင်လုပ်နေသလိုပဲ
" ကဲ ထားတော့ အိပ်ပုတ်လေး စား မနက်စာ နောက်ဆို မနက်တိုင်း ဦးက လုပ်ပေးမှာ မို့ အစားကိုစားရမယ် ဟုတ်ပြီလား "
" ဟုတ်ကဲ့. ... ဦး "
" ဟင် "" ချစ်တယ် လို့ "
" အင်း ဦးကလည်း ချာတိတ်ကို ချစ်တယ် "ပြုံးပြလာတဲ့ ထိုအပြုံးလေးးအရင်က မသိစိတ်ထဲရော သိစိတ်မှာရော သဘောကျခဲ့ရတဲ့ ထိုအပြုံးလေးက ခုတော့ သူအပိုင်ဖြစ်နေပြီလေ..
