15

4K 204 4
                                    

မနက်စောစော ချာတိတ်အိမ်သို့ လာကာ မနက်စာအတွက်ပြင်ဆင်ချက်ပြုတ်နေတုံး အိပ်ယာကနေနိုးလာကာ ဟင်းချက်နေတဲ့ လက်အောက်ကနေ လူရှေ့တည့်တည့်ကို ဝင်လာပြီး ခါးကနေ သိုင်းဖတ်ထားကာ ရင်ဘက်ကို မှီလို့

" ချာတိတ် အပူလောင်မယ်လေ "
"ဟင့်အင်း ဖတ်ထားချင်လို့ "

" အနောက်ကနေဖတ်ထားလည်း ရတယ်လေ "

" ဟင့်အင်း ရှေ့ကနေ ဦးရဲ့ ရင်ခုန်သံလေးတွေနားထောင်ချင်လို့ "

စကားလေးပြောရင်း ခေါင်းလေးမော့ကာ နှုတ်ခမ်းပါးတို့ကို ထိကပ်ယုံမျှ အနမ်းပေးပြီး ပြုံးကာ ပြန်ဖတ်ထားပြန်တယ်..

" ဦး ချစ်တယ် "

ဟင်းအိုးထဲက ဟင်းတွေကို ပန်းကန်ထဲထည့်တော့လည်း ဖတ်ထားလျက်သားထည့်ရတာကြောင့် အပူလောင်မှာလည်းကြောက်ရသေးတယ်..

အဆိုးလေးကလည်း ဖတ်ထားတာကို လုံးဝခွာမပေး နောက်ဆုတ်လည်း လိုက်ဆုတ် ရှေ့တို့လည်း ကပ်လျက် ပန်းကန်ယူလည်း ဖတ်ထားတယ်..ပန်ကန်ဆေးလည်း ဖတ်လျက်..

ဒါကို ရှေ့ကနေ သဘောတွေကျနေသေးတာ..

" မနက်စာ စားတော့မယ် ဖတ်ထားတာလေး လွှတ်ပြီး စားဖို့ လုပ်တော့ "
" ဟုတ် "

" ချာတိတ် ဒီနေ့ အားတယ် ဘယ်သွားချင်လည်း "

မုန့်စားနေရင်း ခရင်းလေးကို ကိုင်ကာမေးလေးထောက်လို့.. စဥ်းစားနေတဲ့ ချာတိတ်..တော်တော်လေးကို စဥ်းစားယူနေတဲ့ပုံပဲ

" ချာတိတ် အဲ့လောက်တောင်စဥ်းစားနေရတာလား ဘယ်သွားချင်လို့လည်း "

" ဦး ရင်ခွင်ထဲကို "

" ဟား ဟား ဟား အဲ့ဒါ အဲ့လောက်တောင်စဥ်းစားရလား "

" အင်း အဝေးကြီးဆိုတော့ စဥ်းစားရတာပေါ့ ဦးက လိုက်ပို့ပါ့မလားလို့ "

" အဆိုးလေး "

" ဟီး အိမ်မှာပဲ နေချင်တယ် ညနေလောက်မှ မုန့်လျှောက်စားမယ်..မဟုတ်လည်း ဦးချက်ကျွေးပေါ့ "

" အရင်တခါလို အိမ်မှာပဲ ချက်စားမယ်လေ ညနေ စျေးဝယ်ထွက်ကြမယ် "

" ဟီးဟီး ဝိုင်သောက်မယ် "

" ဘယ်သူက ဝိုင်သောက်မယ်ပြောလို့လည်း "

VÎLLÀÌÑ ( complete) Where stories live. Discover now