D " လူနာရှင် ခဏလောက် "
" ဟုတ်ကဲ့ "
D " လူနာနဲ့ ဘာတော်လည်း မသိဘူး "
" ကျွန်တော်က လူနာရဲ့ အမျိုးသားပါ "
D " လူနာမှာ ကိုယ်ဝန်ရှိနေတယ် "
" ဟာ ဆရာကလည်း မနောက်ပါနဲ့ ချာတိတ်က ယောကျားလေးလေ "
D " ကမ္ဘာ မှာ ယောကျားလေး 100% နှုန်းမှာ 99% က ကိုယ်ဝန်မဆောင်နိုင်ကြဘူး 1% သော ယောကျားလေးတွေက မိန်းကလေးတွေလို ကိုယ်ဝန်ဆောင်နိုင်ကြတယ် ပြောရမယ်ဆို
ယောကျားလေး omega ပေါ့ "(စိတ်ကူးယဉ် သက်သက်သာ ဖြစ်ရင်လည်း ဖြစ်မှာပေါ့နော် 😁 ပထမဆုံး ယောကျာ်းလေး pregnant ရေးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပါရှင့် 😍)
" ဒါဆို ချာတိတ်က 1% လား "
D " ဟုတ်ပါတယ်.. ဒါပေမဲ့ ခုပြောချင်တာက လူနာက နှလုံးအားနည်းရောဂါရှိပုံပဲ..
အဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်ရင် ခံနိုင်ရည် မရှိမှာရယ် မွေးခါနီးကျရင် အရမ်းအန္တရယ်များတယ်..
ယောကျားလေးဖြစ်တာက တကြောင်း ရောဂါရှိနေတာရယ်ကြောင့် ခုကိစ္စက အရမ်းကို အန္တရယ်များတဲ့ ကိစ္စပဲ..
အဆိုးဆုံးက အသက်အန္တရယ်ပါစိုးရိမ်ရတယ်ဆိုတော့..စဥ်းစားစေချင်တယ်..
ဆရာဝန်တယောက် အနေနဲ့ပြောရမှာ မကောင်းပေမယ့်.အခုချိန်ထဲက မရွေးချယ်ဘူးဆိုရင်လည်း မြန်သေးတယ်...
ဒါပေမဲ့ လူနာနဲ့တော့တိုင်ပင်စေချင်သေးတယ်. သူရဲ့ စိတ်က အရေးကြီး ဆုံးပါ..
ဘာလို့ဆို တခါပဲ ကိုယ်ဝန်ဆောင်လို့ ရတယ် နောက်တခါဆိုတာ မရှိနိုင်ဘူး အရမ်းဂရုစိုက်ဖို့လည်း လိုအပ်တယ် "
" ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးပါ ခွင့်ပြုပါအုံး "
" ကောင်းပါပြီ "
...." ဦး Tae ကို ထားပြီး ဘယ်တွေသွားနေတာလည်း "
" ဆရာဝန်နဲ့စကားပြောနေတာ "
" ဦး ဘာဖြစ်လို့လည်း မျက်နှာမကောင်းဘူး ပြောပြ ဆရာဝန်ဘာပြောလိုက်လည်း "