25

4.1K 186 5
                                    

အိမ်ပြန်ရောက်တော့ အဝတ်အစားလဲကာ ဦးက ညနေစာ ချက်ကျွေးမယ်ဆိုလို့ စားဖို့ထွက်လာတော့ မီးဖိုခန်းမှာလည်း မတွေ့..အိမ်ပြန်သွားတာတော့မဟုတ်လောက်ပါဘူး..

" ဦး ဘယ်ရောက်နေတာလည်း ဦးရေ "
...

အသားလှီးနေရင်း အပေါ့သွားချင်တာကြောင့် Toilet ခဏဝင်နေတဲ့ အချိန် ချာတိတ်ထွက်လာပြီး ကျွန်တော်ကို ရှာနေတာ ထင်တယ်.. ချာတိတ် မီးဖိုခန်းကို သွားလို့မဖြစ်ဘူး ...

" ချာတိတ် မီးဖိုခန်းမသွားနဲ့!!! "

ကျွန်တော် အထဲက လှန်းအော်ပေမယ့် ကြားမကြားမသိနိုင် ကျွန်တော်မြန်မြန်ထွက်လာခဲ့ပေ
မယ့်...

"အားးး "

မီးဖိုချောင်ထောင့်လေးမှာ နံရံကို ကပ်ကာ လက်လေးတွေနဲ့ မျက်နှာကို ကာပြီး တုန်ရီစွာ ငိုကြွေးနေတဲ့ ချာတိတ်.. ကျွန်တော် ချာတိတ်နားအပြေးသွားလိုက်ပြီး

" ချာတိတ် "

" ဟင့်အင်း မလာနဲ့ မလာနဲ့ ထွက်သွား... "

ကျွန်တော်ဆွဲဖတ်ဖို့ ကြိုးစားပေမယ့် အတင်းရုန်းကန်ကာ အနားလုံးဝအကပ်မခံ ခန္တာကိုယ်လေးက ကျုံ့သထက်ကျုံ့ကာ နံရံထဲတောင်တိုးဝင်တော့မလို ကပ်ကာ. ပါးစပ်ကလည်း အနားမလာဖို့သာ တတွတ်တွတ်ပြောနေတယ်.

" မလာပါနဲ့ ကြောက်တယ် မလာပါနဲ့ ဟင့် ဟင့် "

" ချာတိတ် ဦးလေ သေချာကြည့်ပါအုံး ချာတိတ်ရဲ့ "

" သွား အသားလာမထိနဲ့ သွားထွက်သွား ဟင့် တောင်းပန်ပါတယ် မရိုက်ပါနဲ့တော့ ဟင့်  "

ကျွန်တော်အမှား ခုဏအသားတုံးကို ရေဆေးထားခဲ့ရမှာ ချာတိတ်မထွက်လာလောက်သေးဘူးထင်ခဲ့လို့.ခုတော့..

yuri မင်းကို ငါ သက်ပြစ်ချင်လောက်အောင်ကို မုန်းတယ်သိလား..

ဒီတိုင်းထားလို့မဖြစ်တော့တဲ့ အခြေအနေမို့ ချာတိတ်ရဲ့ ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ ကျွန်တော်ကို ကြည့်ဖို့ပြောပေမယ့် အတင်းရုန်းကန်နေတဲ့ ချာတိတ်.. မျက်လုံးကို စုံမှိတ်ထားကာ ကြောက်အားလန့်အားအော်နေတဲ့ ချာတိတ်...

VÎLLÀÌÑ ( complete) Where stories live. Discover now