16

3.8K 200 5
                                    

ကျောင်းသွားဖို့ကို မထသေးတဲ့ ချာတိတ် အအိပ်အရမ်းမက်တဲ့ ကလေး..

ညညဆို ဘာတွေလုပ်နေလည်း မသိ.မနက်ဆိုမထတော့ဘူး.ခုလည်းသူကသာ မနက်စာ ပြင်ပြီးပြီ ခုထိမနိုးသေးဘူး

ဒေါက် ဒေါက်

" ချာတိတ် ထတော့ "

တံခါးခေါက်ပြီး တော်တော်လေးကြာမှ တံခါးဖွင့်လာကာ ထွက်လာတာနဲ့ ကျွန်တော် ပခုံးကို ခေါင်းလေးမှီလိုက်ပြီး

" ဦး Tae နေမကောင်းဘူး "

" ဟုတ်လား နဖူးစမ်းကြည့်ရအောင် "

မော့ပေးလာတဲ့ မျက်နာလေးက ရဲလို့ နဖူးလေးကို စမ်းကြည့်လိုက်တော့ တော်တော်လေးပူနေတာပဲ..

" တော်တော်ပူနေတာပဲ ကုတင်ပေါ်ပြန်တင်ပေးခဲ့မယ် လှဲနေနော် ဦးဆေးသွားယူလိုက်အုံးမယ် "

အိမ်ကိုပြန် လိုအပ်တဲ့ဆေးလေးတွေယူကာ.. ပြန်လာခဲ့ပြီး ရေပတ်ဝတ်တင်ကာ မနက်စာ ကျွေး ဆေးတိုက်ပြီးတော့မှ ချာတိတ်ကို အကျိုးအကြောင်းပြောပြကာ သူတယောက်ထဲ ကျောင်းသို့ထွက်လာခဲ့လိုက်တယ်..

ဒါတောင် ချာတိတ်က မလွှတ်ချင်ဘူး စိတ်မကောင်းဖြစ်သွားတဲ့ မျက်နှာလေးနဲ့ ဖြစ်နေသေးတာ.

စောစော ပြန်ခဲ့မယ်လို့ ချော့ပြောခဲ့ရသေးတယ်..ဒီနေ့မှ ကျောင်းမှာက အရေးကြီး ကိစ္စရှိနေလို့ မသွားလို့ ကမရပြန်ဘူး..

" ဦးမသွားလို့မရဘူးလား ဟင် "

" ချာတိတ် ဦး ကိစ္စပြီး တာနဲ့ ပြန်လာခဲ့မယ်နော် "
"ဟုတ်"

နဖူးလေးကို အနမ်းပေးကာ နှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်တယ်..

ကျောင်းရောက်တော့လည်း ဂနာမငြိမ်ဖြစ်နေတဲ့ ကျွန်တော်ကို sam yoongi ကတောင်မေးယူရတဲ့ အထိပဲ

yg - sam jungkook ဘာတွေ ဖြစ်နေတာလည်း

"-အစည်းအဝေးက ဘယ်တော့ပြီးမှာလည်း sam"

yg - ပြီးတော့မယ်ထင်တယ်

" ပြီးရင် ကျွန်တော်ပြန်လို့ရမလား ဒီနေ့ကျွန်တော် အချိန်လေး ဝင်ပေးလို့အဆင်ပြေမလား အိမ်မှာ ချာတိတ်တယောက် ထဲ နေမကောင်းဖြစ်နေလို့ စိတ်မချလို့ "

VÎLLÀÌÑ ( complete) Where stories live. Discover now