ဟင် ဒီနေ့ ဘာလို့ ဦးကမလာတာလည်း မနက်တိုင်းလာနေကြကို.. တညလုံးလွမ်းနေရတာကို မသိဘူးလား မသိဘူး ..
ဟွန့် တွေ့မှ စိတ်ကောက်အုံးမယ် ..မဟုတ်သေးပါဘူး နေများမကောင်းလို့လား..ငါပဲသွားလိုက်ပါမယ်လေ..
အိမ်ကနေထွက်လာကာ ဦး အိမ်ရှေ့ရောက် ခြံတံခါးကလည်း ပွင့်လို့နေတယ် ..
ဘာလည်း တံခါးက ဘာလို့မပိတ်ထားတာလည်း..ခြံထဲကိုလျှောက်လာလိုက်ပြီး အိမ်အဝင်အဝ တံခါးကတော့ ပိတ်ထားလို့ ဘဲလ်တီးလိုက်တော့ တံခါးလာဖွင့်တဲ့ ဦး..လွမ်းနေတာ မနက်တိုင်းတွေ့ရတဲ့ မျက်နှာလေးကို...
...ဘဲလ်သံကြားလို့ ချာတိတ်မှန်းသိတယ်..ကျွန်တော်တံခါးဖွင့်ပေးလိုက်တာနဲ့ ကျွန်တော်ခါးကို ဖတ်လို့ ခေါင်းလေးမော့ကာ သူအရမ်းလွမ်းနေကြောင်းတွေ ပြောလာတဲ့
ကောင်လေး. နှုတ်ခမ်းတို့ကိုလည်း အနမ်းပေးရင်းပေါ့" ဦး ကို Tae အရမ်းလွမ်းနေတာ ပြွတ် * "
" ဟင်မနေ့ညကထိတူတူ ရှိနေတာလေ အိပ်ချိန်လေးပဲဟာကို "
" ဟာ အိပ်ချိန်လည်း ကြာတာပဲကို လွမ်းတာပေါ့လို့ ဘာလည်း ဦးက မလွမ်းဘူးပေါ့ Tae ကို.
ဟွန့် "" လွမ်းတာပေါ့ ဗျာ "
" တော်ပါ Tae ပြောမှ လွမ်းတာ တော်ပြီ စိတ်ကောက်တယ် "
" မကောက်ပါနဲ့ ဗျာ "
" အဲ့တာဆို morning Kiss ပေး"
ကျွန်တော် ရှေ့မှာ ခေါင်းလေးမော့လို့ နှုတ်ခမ်းဆူကာ kiss တောင်းနေတဲ့ ချာတိတ် အိမ်ရှေ့တံခါးဝမှာပဲ ရှိသေးတာကြောင့် အိမ်ထဲက အခြေအနေကို ဘာတခုမှ မသိသေး ..
မပေးရင်လည်း စိတ်ဆိုးမှာဆိုးလို့.. မော့ကာ ဆူထွက်နေတဲ့ နှုတ်ခမ်းလေးကို အနမ်းပေးလိုက် ရတယ်..
အဲ့နောက်မှာ ထွက်လာတဲ့ အသံကြောင့် မျက်လုံးလေးပြူသွားပြီး အံ့သြသွားတဲ့ ချာတိတ်..
" အဟင့်ဟင့် "
"ဦးး ဘယ်သူရှိနေတာလည်း "
" ဦး appa နဲ့ omma "
" ဦးး ဘာလို့မပြောတာလည်း ရှက်လိုက်တာ ပြန်တော့မယ် "
ရှက်လို့ ထွက်ပြေးတော့မယ် ကောင်လေးကို ခါးကနေ ဆွဲထားကာ အိမ်ထဲသို့ခေါ်လာတော့ ကျွန်တော်အနောက်ကနေ ကွယ်လိုက်လာတဲ့ ကောင်လေးက အနီလူသားအလား မျက်နှာတခုလုံးက စတော်ဘယ်ရီရောင်သန်းကာ နားရွက်တွေပါနီနေပြီလေ
