62.1 (U)

2.4K 540 34
                                    

ဒီလောက်နောက်ကျနေတာကို
ဘာလို့ ပင်လယ်ထဲမှာတဲ့လဲ????

ချင်စန်းက ဖုန်းကတည်နေရာကို
ကြည့်နေရင်းကနေ တည်နေရာ
အမှတ်က အမြန်နှုန်းနှင့်ရွေ့နေပြီး
လူတစ်ယောက်သင်္ဘောပေါ်တွင်
ထိုင်လိုက်နေသည့် ပုံစံနှင့်မတူပေ။

ချင်စန်းက တည်နေရာအမှတ်ကို
ကြည့်နေရင်းနှင့် ကားထဲဝင်ကာ
ပင်လယ်ဘက်မောင်းလိုက်သည်။

ဖုန်းထဲရှိ softwareက ခန့်မှန်း
တည်နေရာကိုသာ ပြနိုင်တာကြောင့်
ချင်စန်းက ကမ်းစပ်နားထိမောင်း
သွားလိုက်ပြီး ကျန်းယွီ၏လက်ရှိ
တည်နေရာနှင့်အနီးစပ်ဆုံးနေရာတွင်
ရပ်ကာ ဘေးပတ်လည်လိုက်ကြည့်
လိုက်သည်။

ချောင်ကျသော ကမ်းခြေဖြစ်သဖြင့်
ညအချိန်မပြောနှင့် နေ့ခင်းတွင်တောင်
လာသည့်သူ နည်းပါးလှသည်။
လင်းဟိုင်မြို့သည် နိုင်ငံ၏ ပင်လယ်
ကမ်းခြေမြို့ဖြစ်သဖြင့် ကျော်ကြားသည့်
ကမ်းခြေအမြောက်အမြား ရှိသဖြင့်
ဤကဲ့သို့ချောင်ကျသည့် နေရာအား
လူလည်းလာလေ့မရှိပေ။

လက်ရှိကျန်းယွီ၏ တည်နေရာသည်
ပင်လယ်နှင့်အလွန်ဝေးသော
နေရာတွင်ရှိနေပြီး ကျန်းယွီ၏
အမြန်နှုန်းသည်လည်း အလွန်မြန်
နေပေသည်။

ဘယ်လိုလျို့ဝှက်ချက်မျိုးကိုမှ
ကျန်းယွီက ဖုံးကွယ်ထားခဲ့သလဲ?????

ချင်စန်းက ကားမှန်ကတစ်ဆင့်
သဲသောင်ပြင်ဘက်သို့
ကြည့်နေခဲ့သည်။ တိတ်ဆိတ်မှုထဲတွင်
ပင်လယ်ရေလှိုင်းများ ကမ်းခြေကို
လာရောက် ရိုက်ခတ်သော
အသံကိုသာကြားနေရသည်။
သူက တဖြည်းဖြည်းနှင့်
ကျန်းယွီ၏လျို့ဝှက်ချက်က
ပင်လယ်နှင့် ဆက်စပ်သည်ဟု
ခံစားလာရသည်။

ရုတ်တရက် ဖုန်းမြည်လာသောကြောင့်
ကောက်ကြည့်လိုက်ရာ သူ့လက်ထောက်
ဖြစ်နေသည်။ သူ့လက်ထောက်က
"ဒါရိုက်တာချင်...ကုအာ့ရှောက်ရဲ့သတင်း
ရပြီတဲ့ဗျ။ တကုကို နေ့လည်က
သူကိုယ်တိုင် ဖုန်းဆက်တယ်လို့
ပြောတယ်။သူနဲ့လင်းချန်းနဲ့
တောင်ပေါ်ဘက်ခရီးထွက်နေလို့
ပျော်လို့ဝမှ ပြန်လာမယ်လို့ပြောတယ်တဲ့"

The Little Merman Book2 (mmtran)Where stories live. Discover now