64.2 (U)

2.5K 501 22
                                    


ချင်စန်း ရုတ်တရက်ပျောက်သွားသဖြင့်
သူ့လက်ထောက်ကလည်း ပျာယာခတ်နေခဲ့သည်။
လွန်ခဲ့တဲ့ရက်တွေက သူ့ကိုယ်ပိုင်ပြဿနာများကြောင့်
အလုပ်ရှုပ်နေတာဖြစ်ကြောင်း ချင်စန်းက
ပြောလိုက်ပြီး ကုမ္ပဏီကိစ္စများမေးလိုက်သည်။
အကုန်မေးပြီးနောက် နောက်နောက်အကြောင်းပါ
ထပ်မေးခဲ့သည်။

သူနောက်နောက်အကြောင်း မေးလိုက်ချိန်၌
ကျန်းယွီပါ ဖုန်းနားကပ်ကာ နားထောင်လာသည်။
ချင်စန်းက သူ့ပုံစံအားကြည့်ရင်း
နားထောင်မရအောင် ဖုန်းအားတခြားတစ်ဖက်သို့
ပြောင်းလိုက်သည်။ ကျန်းယွီက သူ့ရင်ခွင်ထဲ
ပိုတိုးလိုက်ကာ သူ့လက်တွေကို ရိုက်လိုက်သည်။

"အိုး သူနေကောင်းပါတယ်" လက်ထောက်
စကားပြောနေတုန်းမှာပင် နောက်နောက်၏
အော်သံကို ကြားလိုက်ရသည်။ ချင်စန်းက
သူ့ကိုထပ်မေးလိုက်သည်။
"သူ့ကိုရေနဲ့မထိခိုင်းဘူးမလား???"

သူ့သားအဆင်ပြေကြောင်းကြားလိုက်သဖြင့်
ကျန်းယွီက သူ့ရင်ခွင်ထဲက ပြန်ထရန်အပြုတွင်
ရုတ်တရက်သူ့မေးခွန်းကြောင့် တောင့်တင်းသွားခဲ့သည်။

"ငါသူ့ကိုလာမခေါ်နိုင်သေးဘူး။ သူ့ကို
မင်းပဲဆက်စောင့်ရှောက်ထားလိုက်။
သူ့ကိုရေနဲ့လုံးဝထည့်မစိမ်ပေးနဲ့
ဖျားလိမ့်မယ် ကြားလား!!!"
ချင်စန်းက ပြောပြီးသည်နှင့် ဖုန်းချလိုက်ကာ
ကျန်းယွီ၏ အံ့သြနေသော မျက်လုံးများအား
ပြုံးပြလာသည်။ "ကိုယ်ကလေးလေးရဲ့
အမြီးတွေမြင်ပြီးသွားပြီ"

"...ခင်ဗျားသူ့ကို ရေချိုးပေးပစ်တာလား??"
ကျန်းယွီက တံတွေးမြိုချကာ ပြောလာသည်။

"အင်း..ကိုယ်သူ့ကို ရေထဲထည့်ပေးလိုက်တာ
ခြေထောက်ကနေ အမြီးပြောင်းသွားတယ်။
ကိုယ်ကထင်ယောင်ထင်မှားဖြစ်တယ်
ထင်နေတာ" ချင်စန်းက ပြောနေရင်း
ကျန်းယွီ၏ ဗိုက်သားလေးကို
ညှစ်ကာ "မင်းဘာကြောင့်သူ့ကို ရေမစိမ်ခိုင်းတာလည်း
ဆိုတာသိသွားတယ်"

"ကျင်းယွင်ရဲ့သားကရော သူ့လိုပဲလား??"
ကျင်းယွင်နှင့်လုချင်အကြောင်း
တွေးမိရင်း ချင်စန်းကထပ်မေးလာသည်။

The Little Merman Book2 (mmtran)Where stories live. Discover now