78(Z)

451 18 1
                                    

နောက်တစ်နေ့ ကျန်းယွီနိုးလာချိန်၌ ဘေးတွင် နောက်နောက်ရော ချင်စန်းရောပါ မရှိတော့သည့်အပြင် သူ့တစ်ကိုယ်လုံး ထရပ်ကားတစ်စီး တိုက်ခံထားရသလို နာကြင်နေပြီး ကုတင်ဘေးရှိ ဖုန်းကို လှမ်းယူနေစဉ် တံခါးပွင့်လာပြီး ရေခွက်ကိုင်ထားသော ချင်စန်းက ဝင်လာခဲ့သည်။

"ရေသောက်လိုက်ဦး" ချင်စန်းက သူ့ကို ဖုန်းယူပေးလာသဖြင့် နာရီကြည့်လိုက်ရာ ညနေ၄နာရီတောင် ထိုးနေခဲ့ပြီဖြစ်သည်။

ချင်စန်းက စောင်ထဲဝင်လိုက်ပြီး ကျန်းယွီကို ရင်ခွင်ထဲ ထည့်ထားလျက် "ကိုယ့်အဘိုးက မင်းပြန်လာတာကို သိတယ်။ သူနဲ့ညစာသွားစားရအောင်"

ကျန်းယွီက ခေါင်းညိမ့်ပြရင်း မေးလိုက်သည်။ "ကျွန်တော် သူ့အတွက် တစ်ခုခုယူစရာလိုသေးလား?"

"မလိုပါဘူး။ သူနိုးလာနိုင်တာ မင်းပေးတဲ့ ဆေးကြောင့်လေ။"

"မဟုတ်ဘူးလေ။ ပထမဆုံးအကြိမ် တရားဝင်တွေ့တာကို ကျွန်တော်ဘာမှ ယူမသွားရင် ကောင်းပါ့မလား?"

ချင်စန်းက သူကငြင်းနေတာကြောင့် သူ့စိတ်ကြိုက်သာ လုပ်ခွင့်ပေးလိုက်သည်။

"နောက်နောက်ရော?" ကျန်းယွီက ထိုကိစ္စကို စိတ်ချသွားသဖြင့် မေးလာသည်။

"ငါးကန်ထဲမှာ ဆော့နေတယ်" ချင်စန်းက သူ့လက်မောင်းထဲက ကောင်ငယ်လေးကို ကြည့်ရင်း ဖြေလိုက်သည်။ သူက ကောင်ငယ်လေး၏ မေးစေ့မှ တစ်ဆင့် လည်ပင်းသား၊ ပုခုံးသားလေးများကို နမ်းရှုံ့နေရင်းနှင့်ပဲ ကောင်ငယ်လေးက မျက်တောင်ရှည်လေးများ ချကာ တစ်ဖန် အိပ်ပျော်သွားခဲ့ပေသည်။

နောက်တစ်ကြိမ် နိုးသည့်အချိန်သည် ညနေ၅နာရီဖြစ်ပြီး ကျန်းယွီက အလုံးစုံနိုးထလာကာ ရေချိုးသန့်စင်ပြီး သူ့အဝတ်များကို လဲလှယ်ကာ ချင်အိမ်တော်ရှိရာသို့ ချင်စန်းနဲ့အတူတူ ထွက်လာခဲ့လိုက်သည်။

အိမ်သို့ရောက်သည့်အချိန်သည် ည၇နာရီထိုးပြီ ဖြစ်ပြီး ဧည့်ခန်းထဲ၌ ချင်ယွမ်စန်းက ရှန်ပေါ် နှင့် စစ်တုရင် ကစားနေခဲ့သည်။

သူတို့ကို မြင်သည်နှင့် ရှန်ပေါ် က မတ်တပ်ရပ်လျက် "သခင်လေး၊ မစ္စတာ ရှောင်ကျန်း ရောက်လာပြီလား?"

The Little Merman Book2 (mmtran)Where stories live. Discover now