84.1(U)

455 113 11
                                    


"ငါးကလေး" အဘိုးအိုက သူ့ကို ပြုံးပြကာ နှုတ်ဆက်လာသည်။

ကျန်းယွီက ပျော််််််ရွှင်ကာ ကလေးထိန်းကို လက်ဖက်ရည် ပြင်ခိုင်းကာ အော်ခေါ် လာသည်။ "အဘိုး"

ရေသူမျိုးနွယ်ခေါင်းဆောင်က ဖက်လိုက်ကာ ကျန်းယွီကို အပေါ် အောက်ကြည့်လျက် "ကလေးထိန်းနေရတယ်ပေါ့။ ဒါက ဝတုတ်လား? ငါသူ့ကို မမြင်ရတာတောင် ကြာပြီ။ အဘိုးနမ်းပါရစေဦးကွာ"

နောက်နောက်က အော််််ဟစ်လျက် အဘိုးအိုရဲ့ မုတ်ဆိတ်မွေးတွေကို ကိုင်ကာ ဆွဲနှုတ်လာသည်။

ထို့ကြောင့် အဘိုးအိုက ကမန်းကတမ်း ကလေးကို ပြန်ချလိုက်ကာ "ဟေး မင်းတော််တော် ဆိုးတဲ့ ကောင်စုတ်‌လေးပဲကွာ။ ငါ့ကိုလွှတ်"

ကျန်းယွီက ကလေးထိန်းယူလာသော မုန့်တွေ ချပေးလာကာ အဘိုးအိုကို မေးလိုက်သည်။ "အဘိုး အဘိုး ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ?"

"လာလာ မင်းနဲ့ ချန်းချန်းနဲ့ အားချင်ကို လာရှာတာလေ...မင်းတို့နှစ်ယောက်တည်း ဟိုလူသားနဲ့ ဒီမှာနေတာလား?အခု သူဘယ်သွားလဲ?"

"သူလည်းနေပါတယ်။ အခုတော့ ........" ကျန်းယွီက မနေ့က အဖြစ်အပျက်အကြောင်း အဘိုးအိုကို ပြောပြလိုက်သည်။

အဘိုးအိုက မျက်မှောင်ကြုတ်ရင်း "နေပါဦး။ အဲဒီလူအိုကြီးက ငါတို့ပင်လယ်ထဲက အဖိုးတန်ဆေးတွေ စားပြီး နိုးလာတာကို မင်းနဲ့ ကလေးနဲ့ကို သဘောမတူဖြစ်ရဲတယ်ပေါ့။ ဟိုလူအကောင်ကလည်း သူ့အဘိုးစကား နားထောင်ပြီး မင်းနဲ့ကလေးကို စွန့်ပစ်တော့မယ်ပေါ့"

ကျန်းယွီက ရုတ်တရက် ချင်စန်းကို ကာပြောလာသည်။ "မဟုတ်ပါဘူး သူကအဲလိုလူစားမျိုး မဟုတ်ပါဘူး"

"ဘာမဟုတ်ရမှာလဲ? သူမင်းဆီ ရက်အကြာကြီး ပြန်မလာတာ မင်းတို့ကို စွန့်ပစ်လိုက်လို့ပေါ့" 

သူက ပြောရင်း ထိုင်ရာက ချက်ချင်းထလျက် ကျန်းယွီလက်ဆွဲလိုက်သည်။

ကျန်းယွီက သူ့ကို ဆွဲကာ "အဘိုး အဘိုးရောက်တုန်း ခဏနားလိုက်ပါဦး"

မျိုးနွယ်စုခေါင်းဆောင်က နောက်နောက်ကိုပါ ကောက်ပွေ့လျက် ထွက်သွားဖို့ပြင်ကာ "ဘာနားရမှာတုန်း?မင်းနဲ့ ကလေးကို အားချင်လိုမျိုး ဖမ်းတဲ့ချိန်ထိ ‌နားနေရမှာလား?"

The Little Merman Book2 (mmtran)जहाँ कहानियाँ रहती हैं। अभी खोजें