76.1(U)‌

1.7K 311 2
                                    


မျောက်ကလေးက ငါးကို သူ့ပါးစပ်ထဲသို့ ထည့်ရန်ပြင်နေတာကြောင့် ချင်စန်းက ချက်ချင်းပဲ ပြေးဝင်ကာ သူ့သားပါးစပ်ထဲက ငါးကို ကယ်လိုက်ကာ ကလေးအား ငါးကန်ထဲမှ ချက်ချင်းထုတ်လိုက်သည်။ တံဘက်တစ်ထည်ယူလိုက်ပြီး သူ့သားကို သုတ်လိုက်ကာ ကုတင်ပေါ််််တင်ပေးထားသည်။

ကလေးရဲ့အမြီးက ကုတင်ပေါ်််မှာ တစ်ဖျတ်ဖျတ်ရိုက်နေကာ သူ့ပါးစပ်ကို လက်ညှိုးထိုးပြကာ ငါးကန်ကို လှမ်းကြည့်နေခဲ့သည်။

ချင်စန်းက သူ့သားအား သံသယများစွာဖြင့် ကြည့်နေခဲ့သည်။ သူ့သားက ရေသူတစ်ပိုင်းဆိုတာ သူမေ့သွားခဲ့သည်။ သူတို့က ပင်လယ်ထဲမှာဆိုရင် ငါးတွေပဲ စားတာမလား?

သို့သော််််လည်း ကလေးရဲ့ကျန်းမာရေးအတွက် သန့်ရှင်းမှုကိုသာ သူက ဦးစားပေးမည်ဖြစ်သည်။ ဤအပြုအမူက ကျန်းမာရေးနှင့် မညီညွတ်သည်မက အခန့်မသင့်ရင် ဗိုက်နာတတ်ပေသည်။

သူက ကလေးကို စောင်နှင့် ပတ်လိုက်ကာ ကျန်းယွီကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

ကျန်းယွီက တစ်ရေးတစ်မောအိပ်နေချိန် ခေါင်းအုံးဘေးရှိ ဖုန်းက ထမြည်လာခဲ့သည်။ မျက်လုံးဖွင့်ကြည့်လိုက်ရာ ချင်စန်း၏ဖုန်းဖြစ်ကြောင်းသိလိုက်သည်။သူခေါင်းလှည့်ကြည့်လိုက်ရာ တစ်ဖက်ကုတင်ရှိ ယွီဖေးက အိပ်ပျော်််််နေပြီ‌ဖြစ်ကြောင်း သိလိုက်သဖြင့် ကုတင်ပေါ််် မှထကာ အပြင်ဘက်သို့ ဖုန်းယူကာထွက်ခဲ့သည်။

နောက်ဘေးခြံထဲ ရောက်သည်နှင့် ကျန်းယွီက ဖုန်းဖြေလိုက်သည်။ "အခုချိန်ကြီး ဘာလို့ခေါ် တာလဲ?"

သူနဲ့ချင်စန်းက ညဘက်သာ‌ဖုန်းခေါ်ဖြစ်တာ ဖြစ်သည်။

ချင်စန်းက အိပ်ရာပေါ််် မှ နိုးလာစပုံစံလေးကို ကြည့်ကာ အားနာလာပြီး တံခါးဘေးရပ်ကာ လက်ကိုက်ရင်း ‌တွန့်ဆုတ်နေခဲ့သည်။ ထို့နောက် "မင်းကမ်းပေါ် မတက်လာခင်က ပင်လယ်ထဲမှာ ဘာတွေစားလဲဟင်?"

"ခင်ဗျားက အဲအကြောင်း ဘာလို့မေးတာလဲ?" ကျန်းယွီက မေးလာသည်။

ချင်စန်းက "အဘိုးက ကိုယ့်ရုံးခန်းထဲမှာ ငါးကန်တစ်ကန် လာထားသွားတာကို အိမ်က မျောက်ကလေးက ဆင်းချင်တယ်ဆိုတော့ ကိုယ်သူ့ကို အဲထဲထည့်ပေးလိုက်တာ ရလဒ်က သူက ငါးတွေကို ဖမ်းပြီး ပါးစပ်ထဲထည့်‌တော့တာပဲ။ သူငါးတွေ စားတတ်တာလား?"

The Little Merman Book2 (mmtran)Where stories live. Discover now