ကျိုးရွေ့က ဘယ်ကဘယ်လိုရောက်လာတာလဲ??
ကျန်းယွီက ချောင်မို၏ အံ့သြသွားသည့် မျက်နှာကို ကြည့်လိုက်သည်။
ဧည့်သည် သရုပ်ဆောင်များကို မိတ်ဆက်ပြီးသည်နှင့် အဖွဲ့သားအားလုံး သူတို့နေရမည့်နေရာသို့ သွားကြသည်။ ကျိုးရွေ့နှင့် ချောင်မိုက ကုမ္ပဏီတစ်ခုတည်း ဖြစ်တာကြောင့် ကျန်းယွီကို အရင်နှုတ်ဆက်ကြပြီး သူတို့ အချင်းချင်း စကားပြောကျန်ရစ်သည်။
"ကျိုးရွေ့က ချင်စန်းပြောတဲ့ ကူညီမဲ့လူလား?" စကားပြောနေသည့် နှစ်ယောက်ကို ကျန်းယွီက အကဲဖြတ်လိုက်သည်။
အရင်လို ၂ယောက်တစ်ခန်းဖြစ်တာကြောင့် ကျန်းယွီနှင့် ယွီဖေးအတူတူ ပြန်နေပြီး ချောင်မိုက ကျိုးရွေ့နှင့် တစ်ခန်းတည်းဖြစ်သည်။
"ရုပ်ရှင်ဘုရင်" အမည်ခံနှင့် ကျော်ကြားမှုကြောင့် ကျိုးရွေ့က ချင်စန်း၏ ကုမ္ပဏီနှင့် စာချုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ချောင်မိုကလည်း သူနဲ့ အတူတူ ကျော်ကြားတာကြောင့် အချင်းချင်း ပနံသင့်နေသည်။
သို့သော် ကျိုးရွေ့က အဆင့်အတန်းနှင့် မနေတတ်သူဖြစ်တာကြောင့် ကင်မရာရှေ့မှာရော နောက်ကွယ်မှာရော သူက ချောင်မိုက ချီးကျူးလေ့ရှိသည်။ ထို့အပြင် သူက variety show ပေါင်းမျိုးစုံ ရိုက်ဖူးတာကြောင့် သူဘာလုပ်ရင် ကင်မရာသမား မျက်စိကျမည် ဆိုတာ သိသဖြင့် သူ့တွင် တခြားသူများထက် ကင်မရာ ရိုက်ချက်ပိုများသည်။
ကျိုးရွေ့က ချောင်မိုနားပဲ တစ်ဝဲလည်လည် နေသဖြင့် အချိန်ကုန်သွားကာ ချောင်မိုလည်း ကျန်းယွီနှင့် မပတ်သက်ရပေ။ ရိုက်ကူးရေးပြီးသွားသည့်နေ့တွင် လေဆိပ်၌ ထုံးစံအတိုင်း လာကြိုသော ချင်စန်းက "ကျိုးရွေ့နဲ့မင်း အဆင်ပြေလား?သူက အရမ်းအသုံးဝင်လား?"
"အင်း..အရမ်း အသုံးဝင်တယ်" ကျန်းယွီက ခေါင်းညိမ့်ပြရင်း စိတ်သောကရောက်လာပြန်သည်။ "ဒါပေမဲ့ သူက အပိုင်းတိုင်းမှ လိုက်လို့မရတာ"
show၏ အပိုင်းတိုင်းတွင် တစ်ပတ်နှင့် တစ်ပတ်မထပ်သည့် ဧည့်သည် သရုပ်ဆောင်များကိုသာ ထည့်သည်။ ကျိုးရွေ့ မပါသည့် အပတ်တွင် ချောင်မို ဘာလုပ်မလဲ သူမသိနိုင်ပေ။
YOU ARE READING
The Little Merman Book2 (mmtran)
AdventureI don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi Chapters- 92+6 extra(total 98) ချင်စန်း(gong)- ပစ္စည်းတွေ ပျောက်သွားတိုင်း သူခိုးကပုလဲလုံးတွေ ချန်ထာ...