80.1(U+Z)

1.1K 201 2
                                    

"အပေးအယူလုပ်ရမယ်?ခင်ဗျားနဲ့ကျွန်တော့်ကြားမှာ ဘာမှ အပေးအယူလုပ်စရာမရှိဘူးထင်တယ်" ကျန်းယွီက စကားဖြတ်ပြောလိုက်သည်။

"ငါတို့မှာရှိတယ်" ချောင်မိုက သူ့အိတ်ကပ်ထဲက စာရွက်တစ်ထပ်ကို ထုတ်ကာ ကျန်းယွီကို ပေးလာသည်။ ကျန်းယွီက မယူတာကြောင့် ဘေးက ဘေစင်ထဲ ထည့်လိုက်သည်။

တစ်ယောက်ယောက်က အပြင်က တံခါးခေါက်လာတာ‌ကြောင့် ချောင်မိုက မျက်မှန်ကို ပြန်တပ်လိုက်ပြီး ခပ်မြန်မြန်ပြောလာသည်။ "ဒီစာရွက်တွေကြည့်ပြီးရင် မင်းငါ့ကို လာရှာချင်လာပါလိမ့်မယ်"

စကားဆုံးသည်နှင့် တံခါးဖွင့်ပြီး ထွက်လာလိုက်သည်။

သန့်စင်ခန်းထဲသို့ လူဝင်လာသည်နှင့် ကျန်းယွီက မှင်သက်နေရာမှ ဘေစင်ထဲမှ စာရွက်အထပ်ကြီးကို ယူကြည့်လိုက်သည့်အခါ သူ့မျက်လုံးများ ဝိုင်းစက်သွားရသွားသည်။

ချင်စန်းကို သူ့လက်ထောက်က ‌လေဆိပ်တွင် ကျန်းယွီ၏ လက်ကို ချောင်မိုက ဆွဲခေါ်််သွားကြောင်း ဖုန်းဆက်သတင်းပို့လာသည်။ ထို့ကြောင့် ချင်စန်းက သန့်စင်ခန်းသို့ အပြေးသွားလိုက်ပြီး စာရွက်တွေကို မြင်သည်နှင့် မျက်မှောင်ကြုတ်််််််လိုက်သည်။

ခရီးဆောင်အိတ်များကို ကားပေါ် တင်ပြီးသည်နှင့် ‌ချင်စန်းက လမ်းတွင် ကုယန်အား ဖုန်းဆက်လိုက်ပြီး ကျန်းယွီက လုချင်အား ဖုန်းဆက်ခေါ် လိုက်ကာ သူတို့အိမ်လာရန် ပြောလာသည်။

အိမ်သို့ရောက်သည်နှင့် ကလေးထိန်းအား စားစရာထွက်ဝယ်ခိုင်းလိုက်သည်။ ချင်စန်းက ဆိုဖာပေါ် တွင် ထိုင်ကာ စာရွက်အထပ်လိုက်ကြီးကို ကြည့်နေခဲ့သည်။ ကျန်းယွီက တစ်ပတ်လောက် မတွေ့ရသော သူ့သား မျောက်ကလေးကကို ပွေ့ကာ ရေကန်ထဲကစားဖို့ ထည့်ပေးထားပြီး အောက်ဆင်းလာသည့်အခါ စာရွက်ကိုင်ထားသည့် ချင်စန်းက သူ့ကို လှမ်းကြည့်လိုက်သည်။

အနားရောက်လာသည့်အခါ ချင်စန်းက သူ့ ခါးကို ပွေ့ကာ သူ့ပေါင်ပေါ် ထိုင်စေလိုက်သည်။ မေလ၏ရာသီဥတုက အလွန်ပူသော််််လည်း ကျန်းယွီက စာရွက်များကို ကြည့်လျက် တုန်ယင်နေခဲ့သည်။ ချင်စန်းက သူ့ပါးနှစ်ဖက်ကို ဖြစ်ညှစ်ကာ သူ့မေးကို ကျန်းယွီပုခုံးပေါ် တင်လျက် နူးနူးညံ့ညံ့ နှစ်သိမ့်လိုက်သည်။ "ဘာမှမဖြစ်ဘူးနော်။ ကိုယ်ရှိတယ်"

The Little Merman Book2 (mmtran)حيث تعيش القصص. اكتشف الآن