63 (Z)

968 63 3
                                    

63

"သွားပြီ" ကုယန်က လက်ကမ်းပေးရင်း
"သူမင်းကို ဒီပေါ်ချပေးခဲ့ပြီး လင်းချန်းနဲ့
လိုက်သွားပြီ"

"သွားပြီ???" ချင်စန်းက မျက်မှောင်ကြုတ်လျက်
ပင်လယ်ဘက်သို့ ကြည့်လိုက်သည်။
ကုယန်က သူ့ပုခုံးကို ပုတ်ပေးလိုက်ကာ
"ကြည့်မနေနဲ့ ဒီကျွန်းမှာ အခုငါတို့
နှစ်ယောက်ပဲရှိတယ်"

"သူနဲ့လင်းချန်း သူတို့နှစ်ယောက်စလုံးက...."
ချင်စန်းက မမေ့မြောခင်က မှတ်ဉာဏ်ကို
သတိရသွားပြီး မယုံကြည်နိုင်စွာ
ရေရွတ်လာသည်။

"နှစ်ယောက်စလုံးက ဒဏ္ဍာရီလာရေသူထီးတွေလေ"
ကုယန်က သူ့မျက်နှာအနေအထားအား
ကိုယ်ချင်းစာစိတ်ဖြင့် ကြည့်ကာ
"ငါလည်းစသိတုန်းက အိပ်မက်မက်တယ်လို့
ထင်နေတာ"

ချင်စန်းက အောက်ငုံ့၍သာ ရေပုလင်းကို
စိုက်ကြည့်နေခဲ့သည်။

ဒါက ကျန်းယွီ လျို့ဝှက်ထားတဲ့ကိစ္စပေါ့!!!!!

"သွားရအောင်။ မင်းကိုငါနေတဲ့ နေရာဆီ
ခေါ်သွားမယ်" သူနှင့် အခြေအနေခြင်းတူသော
သွေးသောက်ညီအကိုကို ကြည့်ရင်း
ကုယန်က အလွန်ပျော်ရွှင်နေခဲ့သည်။
သူက ချင်စန်းရဲ့ ပုခုံးကို ဖက်ကာ
သစ်တောထဲသို့ ခေါ်သွားခဲ့သည်။

ချင်စန်း သူနဲ့ လိုက်သွားပြီး ခဏအကြာတွင်
သစ်ပင်နှစ်ပင်ကြားတွင် ချည်ထားသော
မြက်ခြောက်အမိုးအကာနှစ်ခုနှင့်
ဘေးဘက်အကာများအား သစ်ရွက်ခြောက်များဖြင့်
ပြုလုပ်ထားသော တဲတစ်လုံးအား
တွေ့လိုက်ရသည်။ တဲရှေ့တွင် အိုးတစ်လုံးရှိပြီး
မြေပြင်ပေါ်တွင် တူများ၊အခြား အသုံးအဆောင်များနှင့်
ပြည့်နေခဲ့သည်။ ဘေးဘက်တွင်လည်း
သစ်ရွက်ခြောက်များ၊သစ်ကိုင်းခြောက်များ
စုပုံထားသေးသည်။

"မင်းဗိုက်ဆာပြီလား??နေ့လည်လည်း
ရောက်ပြီဆိုတော့ ငါဟင်းချက်တော့မယ်"
ကုယန်က သခင်လေးတစ်ယောက်၏
အပြုအမူများအား စွန့်လွှတ်ထားကာ
ဟင်းချက်ပေးရန် စပြောလာခဲ့သည်။
သူက မီးခြစ်ကိုသုံးလျက် သစ်ရွက်ခြောက်များကို
မီးရှို့ကာ ခေါက်ဆွဲခြောက်ထုတ်အနည်းငယ်
ဖောက်ကာ သူ့ညီအစ်ကိုအတွက်
စတင်ချက်ပြုတ်တော့သည်။

The Little Merman Book2 (mmtran)Opowieści tętniące życiem. Odkryj je teraz