71.3(U)

2.1K 434 11
                                    

ကုယန်က လှေကားပေါ်တွင် ငုတ်တုပ်ထိုင်နေခဲ့ပြီး ကျန်းယွီရောက်လာပြီး သူ့ဘေဘီကို
တစ်နေ့လည်ခင်းလုံး အပိုင်သိမ်းထားကတည်းက နေနိုင်မထိုင်နိုင်ဖြစ်ကာ
ချင်စန်းအား ဖုန်းဆက်ခေါ်လိုက်တာ
ဖြစ်သည်။ ချင်စန်းအား
မြင်သည်နှင့် လှေကားပေါ်မှ
ဝမ်းသာအားရဆင်းကာ တံခါးပြေးဖွင့်ပေးလိုက်သည်။

"လာလာ"

ကုယန်က ကျန်းယွီအနားမှ လင်းချန်းအား
မသိမသာပြန်ဆွဲသွားကာ ကျန်းယွီဘေးနား
ချင်စန်းအား တွန်းပို့လိုက်သည်။

ချင်စန်းက တွန်းလှည်းထဲက နောက်နောက်ကို
ငုံ့ချီလိုက်ကာ ပြောလာသည်။

"အိမ်ပြန်ကြစို့"

လင်းချန်းက စကားဖြတ်ပြောချင်သော်လည်း
ကုယန်က အတင်းဖင်ထားကာ

"အဲဒါဆိုလည်း လိုက်မပို့တော့ဘူးနော်။
နောက်မှလာခဲ့ပေါ့"

လင်းချန်းကို ဆွဲနေသော ကုယန်အား
ကျန်းယွီက ပြုံးပြီး ကြည့်လိုက်သည်။
သူက ချင်စန်းလက်ကို ဆွဲကာ
လင်းချန်းအား

"ငါပြန်တော့မယ်နော်"

"မနေ့ကတည်းက သူ့ကိုခေါ်ထားပေးလို့
ကျေးဇူးတင်ပါတယ်။ငါမင်းတို့ကို
တစ်ရက်ရက်မှ ထမင်းလိုက်ကျွေးပါ့မယ်"

ချင်စန်းက ကုယန်အား ကျေးဇူးတင်လိုက်တာ
ကျန်းယွီနှင့် အပေါက်ဝသို့ ပြန်လိုက်သည်။

ကားထွက်သွားသည်နှင့် လင်းချန်းက
ကုယန်ခြေထောက်အား တက်နင်းလိုက်ပြီး

"ခင်ဗျား ဒီလောက်တောင် အလျင်လိုနေလား?"

"ဘယ်ကသာ...ဘေဘီ့ရင်ထဲမှာ
သူက ကိုယ့်ထက်ပိုအရေးကြီးနေသလိုပဲနော်"

ကုယန်က ချဥ်စူးစူးဖြစ်ကာ ပြောလာလျက်

"ဇနီးမောင်နှံရန်ဖြစ်တယ်ဆိုတာ
တကယ်တော့ အာပလာတွေပါ
ဘေဘီရယ်၊ကိုယ်တို့က မီးသီးအပိုတွေ
လုပ်လို့ဘယ်ကောင်းပါ့မလဲ"

ထို့နောက်သူက လင်းချန်း၏ဝမ်းဗိုက်အား
ထိလိုက်ပြီး

"စိတ်မဆိုးပါနဲ့နော်။ ဗိုက်ထဲမှာလည်း
ကိုယ့်သားလေးက ရှိသေးတယ်။
ကိုယ်အိမ်အကူအဒေါ်ကြီးကို
ဘေဘီအကြိုက် ငါးစွတ်ပြုတ်နဲ့
နွားနို့စစ်စစ်ကြိုခိုင်းထားတယ်။
သွားသောက်ရအောင်နော်"

The Little Merman Book2 (mmtran)Where stories live. Discover now