70 (U)

2.4K 481 17
                                    

ကုယန်က ပန်းစည်းတစ်စည်းကို
ကိုင်ထားရင်း အခြေအနေကို
ရိပ်စားမိလိုက်တာကြောင့်
တိုးတိုးလေးပြောလာသည်။
"ဟေး...ငါတို့လာသင့်တဲ့
အချိန်မဟုတ်သေးဘူးထင်တယ်!"

ချင်စန်းက ကျန်းယွီကို မြင်သည်နှင့်
ရှန်ပေါ်ကို ပြောလိုက်သည်။
"ဦးလေးပေါ် သူတို့ကိုခဏထိုင်ခိုင်း
ထားပါဦး"

လူနာအခန်းက VIPအခန်းဖြစ်တာကြောင့်
ဧည့်ခန်းထဲတွင် သူတို့ကိုထိုင်ခိုင်းထားပြီး
ချင်ယွမ်စန်းက အခန်းထဲတွင်
မေ့မျောနေခဲ့သည်။

"သူတို့ကိုပါ အထဲခေါ်ခဲ့ပေးပါ"
ရှန်ပေါ်က ကုယန်လက်ထဲက
ပန်းစည်းကို လှမ်းယူလိုက်ပြီး
သူတို့ကိုအတွင်းခန်းထဲ ခေါ်ခဲ့သည်။
ကျန်းယွီက ချင်စန်းကို တစ်ချက်၊
ချောင်ရှင်းလက်ထဲက နောက်နောက်ကို
တစ်ချက် ကြည့်လိုက်သည်။
အခန်းထဲက လေထုက
အခြေအနေမကောင်းတာ
သတိပြုမိတာကြောင့် သူ့သားလေး
ကြောက်မနေစေရန် လှမ်းပြုံးပြလိုက်သည်။

လုခဲ့ယင်က အပြင်လူများအား
ဂရုမစိုက်နိုင်တော့ဘဲ ချောင်ရှင်း
ပစ်ချလိုက်သော စာရွက်အား
ဖွင့်ဖတ်လိုက်ပြီးနောက်
ချောင်ရှင်းလက်ထဲက
ကလေးအား အဆိပ်အတောက်တစ်ခါလို
ကြည့်လာခဲ့သည်။

"ငါ့သားမှာ ဒီလောက်ကြီးတဲ့
ကလေးတစ်ယောက် ရှိမယ်လို့
ထင်တောင်မထင်ထားဘူး"
ချောင်ရှင်းက သူ့လက်ထဲက
ကလေးအား ပွေ့ဖက်ကာ
ပြုံးပြီး ကြည့်နေခဲ့သည်။
ထို့နောက် ရှေ့နေလီအား
လှည့်မေးလာသည်။
"ရှေ့နေလီ..အဖေ့ရဲ့သေတမ်းစာအရ
မြစ်၂ယောက်ရှိရင် ဘယ်သူက
ပိုပြီးဆက်ခံခွင့်ပိုရနိုင်လဲ?"

ရှေ့နေလီက မျက်မှန်ကို ပင့်တင်လျက်
"ချင်လူကြီးမင်းက အဲလိုတော့
ကန့်သတ်ချက်မရှိထားပါဘူး။
ဒါပေမဲ့ကျွန်တော်တို့ရဲ့
ပုံမှန်လုပ်ရိုးလုပ်စဥ်အရဆိုရင်
အရင်မွေးတဲ့မြစ်က ပိုအမွေဆက်ခံခွင့်
ရနိုင်ပါတယ်"

လုခဲ့ယင်က ထိုအကြောင်းကို
ကြားသည်နှင့် လက်ထဲက
စာရွက်ကို ချေမွကာ ပစ်ပေါက်လိုက်ပြီး
သွားကြိတ်ကာ အော်ဟစ်လာသည်။
"အရင်က ကလေးရှိတယ်လို့မပြောဘဲ
အခုမှဒီလောက်ကြီးတဲ့ ကလေးတစ်ယောက်
ပေါ်လာတာ သူကနင့်မြေးဟုတ်မဟုတ်
ဘယ်လိုလုပ်သိနိုင်မှာလဲ???"

The Little Merman Book2 (mmtran)Where stories live. Discover now