"ငါ့ကို ကလေးပေး" ချောင်ရှင်းက ချင်စန်းဆီ လက်လှမ်းလာခဲ့သည်။
"အမေ ကျွန်တော့်ဘာသာ စောင့်ရှောက်နိုင်ပါတယ်။ အမေ့ကို အလုပ်မပေးချင်ပါဘူး"
ချင်စန်းက နောက်နောက်ကို ပွေ့ထားရင်းက ပြောလာသည်။
ချောင်ရှင်းက စိတ်ညစ်စွာ "မင်းက ငါ့မြေးလေးကို ထပ်ဖျားအောင် လုပ်မလို့လား?"
"မလုပ်ပါဘူး" ချင်စန်းက လေးလေးနက်နက် ကတိပေးလျက်
"နောက်တစ်ကြိမ် မရှိစေရပါဘူး"
ထို့နောက် သူက ကလေးကို ကလေးထိန်းလက်ထဲ အပ်လိုက်သည်။
သူမသားကခေါင်းမာနေတာကြောင့် ချောင်ရှင်းက စိတ်ဆိုးသွားသည်။
ချင်စန်းက ကျန်းယွီ၏လက်ကို ဆွဲကာ မိတ်ဆက်ပေးလာသည်။ "အမေ ဒါက ကျန်းယွီတဲ့"
"ငါတို့တွေ မတွေ့တာတောင်ကြာပြီနော်။ မင်းက မြောင်မြောင်ရဲ့သူငယ်ချင်းမလား?
မင်းသူ့အဖေဇာတ်ကားမှာတောင် ရိုက်ထားတယ်မလား?" ချောင်ရှင်းက ကျန်းယွီအား
စဆုံးကြည့်ကာ ချင်စန်းလက်ကိုကိုင်ထားသည်ကို တွေ့လိုက်ရသည်နှင့် ဆက်မကြည့်
တော့ပေ။
"လာထိုင်လေ" ချောင်ရှင်းက သူ့ကိုပြုံးပြကာ ဆိုဖာပေါ်ထိုင်ခိုင်းလိုက်သည်။
ထို့နောက် သူက စိုးရိမ်တကြီး မေးလာသည်။
"ငါမင်းကို မတွေ့တာ အတော်ကြာသွားပြီ။ မင်းဘယ်တွေရောက်နေတာတုန်း?"
လွန်ခဲ့တဲ့လအနည်းငယ်က ချင်စန်းရဲ့ပုံစံက စိတ်ဆတ်လွယ်ပြီး ဆတ်ဆတ်ထိမခံပုံစံ
ဖြစ်နေခဲ့ကာ တစ်စုံတစ်ယောက်ကိုလည်း ရူးမတတ်ရှာနေခဲ့သည်။ သူမြောင်မြောင်ကို
မေးကြည့်လိုက်မှ သူမသားက ကျန်းယွီနှင့် ချစ်ကြိုက်နေကြပြီး ထိုကောင်လေး
ရုတ်တရက်ပျောက်သွားခဲ့သည်ဆိုရာပင်။ ထိုကောင်လေးရဲ့ အေဂျင်စီဘက်က
တရား၀င်ကြေညာချက် ထုတ်ပေးခဲ့သော်လည်း သူမသားက အကြောင်းပြချက်မရှိ
ESTÁS LEYENDO
The Little Merman Book2 (mmtran)
AventuraI don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi Chapters- 92+6 extra(total 98) ချင်စန်း(gong)- ပစ္စည်းတွေ ပျောက်သွားတိုင်း သူခိုးကပုလဲလုံးတွေ ချန်ထာ...