71.1(Z)

655 61 2
                                    


ကျန်းယွီက ချင်စန်းကို တစ်ညလုံး
ဂရုမစိုက်ဘဲ ညစာစားပြီးချိန်၌ ချင်စန်းအား
တံခါးအပြင်သို့ နှင်ထုတ်လိုက်သည်။

ပိတ်ထားသည့်တံခါးရှေ့တွင် သက်ပြင်းချရင်း
စာကြည့်ခန်းထဲ ဝင်ကာ ကီးဘုတ်ပေါ်တွင်
"ကလေးများနေမကောင်းလျှင် ဂရုစိုက်ရမည့်
အချက်များ"ဆိုသည့် ခေါင်းစဉ်အား
အပူတပြင်း ရှာခဲ့သော်လည်း
မတွေ့ခဲ့ပေ။

ညသန်းခေါင်လောက်တွင် အိမ်ရှိမီးများအကုန်
ပိတ်သွားခဲ့သည်။ နောက်နောက်က
အိပ်သွားပြီဖြစ်တာကြောင့် ကလေးထိန်းက
အောက်ဆင်းအနားယူနေခဲ့သည်။
ထို့ကြောင့် ချင်စန်းက ပိတ်ထားသော
အခန်းတံခါး၏လက်ကိုင်အား
ဆွဲလိုက်ရာ အထဲထဲမှသော့ခတ်ထားတာကို
တွေ့လိုက်ရသည်။ချင်စန်းက အပြစ်ရှိစိတ်
ပိုဖြစ်လာခဲ့ပြီး ကျန်းယွီသူ့ကို
အရမ်းစိတ်ဆိုးနေမှန်း သိခဲ့ရသည်။

အပြင်တွင် အချိန်အတော်ကြာရပ်နေပြီးနောက်
စာကြည့်ခန်းထဲ ပြန်ဝင်သွားပြီး
အပိုသော့ယူလာကာ အခန်းတံခါးကို
ဖွင့်ခဲ့သည်။

အခန်းထဲက မီးအလင်းရောင်
ဖျော့ဖျော့အောက်၌ အခန်းထဲသို့
တိတ်တိတ်လေးလျှောက်လာခဲ့သည်။
ထို့နောက် ကုတင်ပေါ်တွင်
မျက်နှာချင်းဆိုင်
စောင်လေးခြုံကာ ငြိမ်သက်စွာ
အိပ်နေသော သားအဖကို
ကြည့်လိုက်သည်။

သူက ကုတင်ပေါ်သို့ ဖြည်းညင်းစွာ
လှဲလိုက်ကာ လက်ကိုဆန့်ထုတ်ပြီး
သားအဖနှစ်ယောက်ကိုဖက်ကာ
မျက်လုံးမှိတ်လိုက်သည်။

နောက်တစ်နေ့မနက်တွင်
ကျန်းယွီအရင် နိုးလာခဲ့ပြီး
သူ့နောက်တွင် လူတစ်ယောက်ရှိမှန်း
သတိထားမိသွားသည်။
ရှည်လျားပြီး သွယ်လျသည့် လက်တွေက
သူနဲ့နောက်နောက်ပုခုံးပေါ်တွင်
ဖြန့်ကျက်ထားပြီး သူ့ခေါင်းအထက်မှာလည်း
အသက်ရှူသံကိုကြားနေရသည်။

ကျန်းယွီက ရုတ်တရက် ဒီအိမ်က
ချင်စန်းအိမ်ဖြစ်တာကြောင့်
သူ့မှာသော့အပိုများစွာ
ရှိနိုင်ကြောင်း သတိရသွားသည်။

ထို့နောက် ကလေးလေး၏
မျက်တောင်တို့က တဖြတ်ဖြတ်ခတ်လာပြီး
မျက်လုံးပွင့်လာကာ ကျန်းယွီ၏
ဆံပင်များကို လက်သေးသေးလေးဖြင့်
ဖမ်းဆုတ်ရန် ကြိုးစားလာခဲ့သည်။

The Little Merman Book2 (mmtran)Wo Geschichten leben. Entdecke jetzt