သူတို့နှစ်ယောက်စလုံးက အိပ်ကျင့်ကောင်းသူများဖြစ်တာကြောင့် ဟောက်ခြင်း၊ ယောင်ခြင်းများ မရှိပေ။ ကျန်းယွီက နှိုးစက်သံကြောင့် နိုးလာရသည်။ သူက အိပ်မှုံစုံဝါးဖြင့် ဖုန်းကိုယူကာ အချိန်ကို ကြည့်လိုက်ရာ မနက်၅ခွဲရှိနေပြီဖြစ်သည်။ ထို့ကြောင့် ခေါင်းပေါ်် က စောင်ကိုလှပ်လိုက်ရာ မှန်ကြည့်ရင်း မျက်နှာနှင့် ဆံပင်ပုံစံကို ပြန်ပြင်နေသော ယွီဖေးကို မြင်လိုက်ရသည်။
ရိုက်ကူးရေးအဖွဲ့က သူတို့ကို မနက်၆နာရီထရန်သာ မှာထားသည်။ ကျန်းယွီက အိပ်ရာပေါ်၌ ပြန်လှဲနေလိုက်သော်လည်း တစ်ဖက်လူ၏ လှုပ်ရှားမှုများကြောင့် အိပ်မရသဖြင့် မျက်နှာထသစ်လိုက်ပြီး သွားတိုက်လိုက်သည်။ ထို့နောက် ဖိနပ်လေး လျှိုဝင်နေရင်း တံခါးခေါက်သံကြားတာကြောင့် ရိုက်ကူးရေးအဖွဲ့လာမှန်းသိလိုက်သည်။
ယွီဖေးက တံခါးပေါက်နဲ့နီးတာကြောင့် သူဖွင့်မည်ထင်လိုက်သော်လည်း ရုတ်တရက်ဆိုသလို သကောင့်သားက အိပ်ရာပေါ်််််ခုန်တက်ကာ စောင်ခြုံလှဲလိုက်သည်။
ကျန်းယွီက သူဘာလုပ်နေမှန်းမသိစွာ ဇဝေဇဝါဖြင့် ဆက်ခေါက်နေသည့် တံခါးကို သွားဖွင့်ပေးလိုက်သည်။ အခန်းထဲသို့ ကင်မရာကိုင်ထားသော ရိုက်ကူးရေးအဖွဲ့သား၂ယောက် ဝင်လာပြီး ကျန်းယွီကို ဖြတ်ကာ ကုတင်ပေါ််််ရှိ ယွီဖေးကို သွားရိုက်ကူးလိုက်သည်။ ထိုအခါမှ တစ်ဖက်လူက အခုမှ အိပ်ရာမှနိုးနေသည့်ပုံဖြင့် မျက်လုံးများကို ပွတ်နေခဲ့ကာ အိပ်ချင်မူးတူးစတိုင်ဖြင့်ကြည့်လာပြီး မျက်လုံးများက နီရဲနေကာ မျက်နှာက တည်တင်းနေခဲ့ပြီး ရှုပ်ပွနေသော ဆံပင်ပုံစံဖြင့် iron man ညအိပ်ဝတ်စုံမှာလည်း ပုံမှန်ညအိပ်ဝတ်စုံလဲပြီးသားဖြစ်နေသည်။
လူတစ်ကိုယ်လုံးက ချောမောပြီး အေးစက်စက်အသွင် ဆောင်နေပြီး မျက်နှာတွင်လည်း ဘာအမူအရာမှလည်း မရှိပေ။ ကျန်းယွီက သူ့မျက်နှာသူထိကာ သူ့ရဲ့ကိုယ်ပေါ်် က သမင်ပုံစံ ညအိပ်ဝတ်စုံလေးကိုကြည့်နေလိုက်သည်။
ထိုအခါမှ ရိုက်ကူးရေးအဖွဲ့သားများမလာခင် အပြီးအစီးလုပ်ရမည်ထင်နေသော သူ့ကိုယ်သူ အလွန်တုံးအမှန်းသိလာသည်။
BINABASA MO ANG
The Little Merman Book2 (mmtran)
AdventureI don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi Chapters- 92+6 extra(total 98) ချင်စန်း(gong)- ပစ္စည်းတွေ ပျောက်သွားတိုင်း သူခိုးကပုလဲလုံးတွေ ချန်ထာ...