68.3(Z)

703 64 2
                                    


ချင်စန်းက ဖုန်းကိုချလိုက်ပြီး သူငှားထားသည့်
သက်တော်စောင့်ခေါင်းဆောင် ကျန်းကျင့်အား
မေးလိုက်သည်။
"အခြေအနေဘယ်လိုရှိလဲ?"

ကျန်းကျင့်က ကားထဲတွင် ထိုင်လျက်
ခြေရာခံစက်က တည်နေရာကို ကြည့်လျက်
လက်ချောင်းကြားထဲက စီးကရက်ကို
စိုက်ကြည့်ကာ ပါးစပ်ကနေ အငွေ့များ
မှုတ်ထုတ်လာပြီး "ကျွန်တော်တို့ဖမ်းမိခါနီးပါပြီ။
စိတ်ချပါ"

"ငါသွားလိုက်မယ်။ငါ့ကိုတည်နေရာပို့လိုက်!"
ချင်စန်းက အောက်ထပ်သို့ပြေးဆင်းကာ
ကျန်းကျင့်ရှိရာမောင်းလိုက်သည်။

ချင်ယွမ်စန်း၏ မတောတဆ ဖြစ်သည့်နေရာမှ
တွေ့ခဲ့သောမီးခြစ်၏ဘားတံဆိပ်အား
စုံစမ်းကြည့်ရာ ဘားပိုင်ရှင်၏နောက်ကြောင်းက
သေချာပိပိရိရိဖုံးထားသည့်အတွက်ကြောင့်
ရှာမရ၍ နောက်နောက်အတွက် ကလေးပစ္စည်းများ
အများအပြားဝယ်ပေးနေသော သူ့အမေအား
လုခဲ့ယင်က စောင့်ကြည့်နိုင်နေတာကြောင့်
သက်တော်စောင့်အများအပြားငှားကာ
ကလေးအားကာကွယ်ရန် အစီအစဉ်တစ်ခု
ချမှတ်ခဲ့သည်။

သူတွက်ထားသည်က နောက်နောက်ကို
ငါးစာအရင်ချခြင်းအားဖြင့် နောက်နောက်အား
ဖမ်းမည်သူနှင့်လုခဲ့ယင်ကြားက
ဆက်ဆံရေးကို ဖော်ထုတ်နိုင်မှာဖြစ်သည်။

ကလေးထိန်းက လက်တွန်းလှည်း
သေးသေးလေးကိုတွန်းကာ နောက်နောက်အား
ပန်းခြံတစ်လျှောက် လိုက်ပြနေခဲ့သည်။
ဖန်းမြောင်ကဘေးတွင် လိုက်ပါနေခဲ့ပြီး
ချင်စန်းငှားထားသော သက်တော်စောင့်များကလည်း
ဘေးကနေခြံရံနေကာ တမင်တကာ
လူသိများအောင် လုပ်နေခဲ့သည်။
အစီအစဉ်အရကလေးအား
ဖမ်းပါက ကာကွယ်ပေးရန်
ဖန်းမြောင်ပါ လိုက်သွားရမည်ဖြစ်သည်။

ယခုအစီအစဉ်ကချောမွေ့နေပြီး ဖန်းမြောင်ပါ
အတူတူဖမိးခံသွားရသည်။

ဆင်ခြေဖုံးနယ်မြေတစ်ခုသို့ ဦးတည်နေသော
အမည်းရောင်ကားတစ်စီးပေါ်တွင်
ဖန်းမြောင်ကနောက်နောက်ကို
ဖက်ထားကာ တံခါးဘက်ကျောပေး
ထိုင်နေရပြီး သူ့မျက်နှာချင်းဆိုင်တွင်
မျက်နှာဖုံးအုပ်ထားသော လူတစ်ယောက်ရှိကာ
ရှေ့ခန်းရှိ လူနှစ်ယောက်ကလည်း
မျက်နှာဖုံးတပ်ထားခဲ့သည်။

The Little Merman Book2 (mmtran)Where stories live. Discover now