74.2(Z)

648 31 3
                                    


"ကျေးလက်လူနေမှုဘဝ" အစီအစဉ်သည် အိုင်ဒေါတစ်ယောက်အား ဘဝကြမ်းတစ်ခုကို အမှန်တကယ် တွေ့ဆုံစေသော အစီအစဉ်ဖြစ်သည်။ ရိုက်ကူးရေးအား နိုင်ငံအတွင်းမှာပဲ လုပ်မည်ဖြစ်ပြီး ရိုက်ကွင်းတစ်ခုနှင့်တစ်ခု အချိန်ကလည်း ကွာခြားသေးသည်။ ရိုက်ကွင်းတစ်ခုအတွက် အချိန်တစ်ပတ်သာ ရသည်။ အစီအစဉ်ကိုလည်း season နှစ်ခုခွဲပြပြီး ကြည့်ရှုမှုနှုန်းကလည်း အရမ်းကောင်းလွန်းသည်။ season 1ကို တခြားမြို့က ရွာတစ်ရွာတွင် ရိုက်ကူးကြမည်ဖြစ်ပြီး ထိုနေရာသို့ ရောက်ရန် လေယာဉ်၂နာရီကြာ စီးဖို့လိုပြီး ရိုက်ကူးရေးအဖွဲ့က ကားနှင့် ဆက်သွားရမည်ဖြစ်သည်။

ကျန်းယွီက လေဆိပ်သို့ အသွား ကားပေါ်၌ တစ်ချိန်လုံး သမ်းဝေလာခဲ့ပြီး မကြာမီ ထိုင်ခုံကို နောက်လျှောချကာ မျက်လုံးအကာတပ်လျက် စတင်အိပ်စက်တော့သည်။ လေဆိပ်ရောက်သောအခါ ယန်ရှူးက သူ့ကိုနိုးကာ လေဆိပ်ရှိ နားနေဆောင်ထဲသို့ လိုက်ဝင်လိုက်ပြီး ရှောင်ဖုန်းက လေယာဉ်ထွက်ခွာရန် လိုအပ်သမျှ လုပ်ပေးနေခဲ့သည်။

နားနေဆောင်ထဲတွင် လူတစ်ယောက်က သူတို့ကို စောင့်နေခဲ့သည်။ ထိုသူက သူတို့ကုမ္ပဏီရဲ့ နံပါတ်တစ် အဆိုတော် ယွီဖေးဖြစ်ပြီး အသက်၂၀သာရှိသေးကာ အရပ်ရှည်ရှည်နှင့် ခပ်ချောချောတစ်ယောက် ဖြစ်သည်။

ကိုလူချောက မီဒီယာတွေရှေ့မှာတင် အေးတာသာ မဟုတ်ဘဲ အပြင်တွင်လည်း အလွန်အေးစက်နေပြီး ကျန်းယွီနှင့် ယန်ရှူးကို မြင်သည်နှင့် သူ့နားထဲမှ နားကြပ်ကြိုးကို ဆွဲဖြုတ်လိုက်ပြီး နှာခေါင်းပေါ် က နေကာမျက်မှန်ကို ပင့်တင်လိုက်ကာ ခေါင်းညိမ့်ရုံသာ နှုတ်ဆက်လာခဲ့သည်။

ကျန်းယွီကလည်း အမှုမထားကာ သူ့ကို ပြန်ပြီး ခေါင်းညိမ့်ပြလိုက်ပြီး ယန်ရှူးဘေးက ခုံတွင် ဝင်ထိုင်လိုက်သည်။

ယခုက ကျန်းယွီ၏ ပထမဆုံးအကြိမ် လေယာဉ်စီးဖူးတာဖြစ်သည်။ လင်းချန်းပထမဆုံးအကြိမ် စီးခဲ့စဉ်က သူ့အတွက် အကြောက်ဆုံးအရာကို တွေ့ရှိသွားတာကြောင့် လင်းချန်းက သူ့ခရီးစဉ်အားလုံးကို ကုန်းလမ်းဖြင့်သာ အတတ်နိုင်ဆုံးသွားပြီး မလွှဲသာမှသာ လေယာဉ်ဖြင့်သွားခဲ့သည်။

The Little Merman Book2 (mmtran)Where stories live. Discover now