69.1(Z)

618 50 2
                                    


69

ချင်စန်းက အိမ်ကိုအပြေးပြန်ခဲ့သည်။
ကလေးထိန်းက သူ့ကိုမြင်သည်နှင့်
အမြန်ပြေးလာကာ
"ဆရာ..သခင်ငယ်လေးက နေ့လည်ပြန်လာတုန်းက
အကောင်းပဲ။အခုကျွန်မ သူ့နဖူးကို
စမ်းကြည့်လိုက်တော့ နည်းနည်းပူနေတယ်။
သူအအေးနည်းနည်းမိလို့လို့တွေးပြီး
သူ့ကို ရေကျက်အေးနည်းနည်းတိုက်ပြီး
သိပ်လိုက်ပေမဲ့ အခြေအနေပိုဆိုးလာခဲ့တယ်"

ချင်စန်းက သူပြောတာ နားထောင်ရင်း
အခန်းတံခါးကို ဖွင့်ကြည့်လိုက်ရာ
ကျန်းယွီအိပ်နေကြ ကုတင်ပေါ်တွင်
စောင်သေးသေးလေးခြုံပြီး
နီရဲလျက် နှာခေါင်းမှ နှာရည်များ
ပူဖောင်းသဏ္ဍာန်ထွက်လာသည်ထိ
အော်ငိုနေသော ကလေးငယ်လေးအား
တွေ့လိုက်ရသည်။

လာလမ်းတွင် မိသားစုဆရာဝန်
ခေါ်ပြီးသားဖြစ်သည်။ သူက
ကလေးကို ကောက်ပွေ့လိုက်ပြီး
ကလေးကသူ့လည်ပင်းကို
ဖက်လာကာ နှာရည်များကလည်း
သူ့အင်္ကျီပေါ်သို့ တစ်စက်စက်ကျနေလေသည်။

ချင်စန်းက လက်ကိုင်ပုဝါကို
ထုတ်လျက် ကလေးလေး၏
နှာခေါင်းကို သုတ်ပေးနေခဲ့သည်။
ခဏအကြာတွင် လူခေါ်ဘဲလ်သံမြည်လာပြီး
ကလေးထိန်းက တံခါးဖွင့်ပေးလိုက်သည်နှင့်
တံခါးဝ၌ မိသားစုဆရာဝန်အပြင်
ချောင်ရှင်းက ဈေးဝယ်အိတ်များစွာနဲ့
ရောက်နေခဲ့သည်။

ချောင်ရှင်းက သူ့သူငယ်ချင်းများနှင့်
ဈေးဝယ်ထွက်ရင်း ကလေးပစ္စည်းဆိုင်ရှေ့
ဖြတ်ရင်း မနေနိုင်မထိုင်နိုင် ထပ်ဝယ်မိခြင်း
ဖြစ်သည်။ သို့သော် ချင်စန်း ပုခုံးပေါ်က
နီရဲနေသည့်မျက်နှာနှင့် မျက်ရည်လည်ရွှဲ
ရှုံ့ငိုနေသော ကလေးကိုတွေ့သည်နှင့်
နှလုံးကွဲသလို ခံစားလာရသည်။

"ကလေးဘာဖြစ်တာလဲ?"
ချောင်ရှင်းက အလန့်တကြား မေးလာသည်။

"သူဖျားနေတာ" ချင်စန်းက ပြန်ဖြေလျက်
ဆရာဝန်ကိုခေါ်ကာ အပေါ်တက်သွားခဲ့သည်။
ကလေးအား ကုတင်ပေါ်တင်ကာ ဆရာဝန်က
စစ်ဆေးခဲ့သည်။

"မနေ့တုန်းက အကောင်းကြီးကို။
ဘယ်လိုလုပ် ဒီနေ့ဖျားရတာလဲ?"
ချောင်ရှင်းက ကလေးကိုကြည့်ကာ
မေးလာသည်။

The Little Merman Book2 (mmtran)Opowieści tętniące życiem. Odkryj je teraz