66.2(Z)

713 51 3
                                    


တဖြည်းဖြည်းနှင့် နေလုံးကြီးက ပင်လယ်အောက်မှ
တစ်ဆင့် တဖြည်းဖြည်းအပေါ်တက်လာခဲ့ပြီး
လက်တစ်ကမ်းအလိုတွင် ငါးမန်းများစွာလည်း
နီးကပ်လာပြီး အချိန်ကိုက်မှာပဲ
လုချင်၏ သင်္ဘောရောက်လာသည်။

လုချင်၏ သင်္ဘောက ငါးမန်းပေါက်လေး
ဘေးတွင် ရပ်လိုက်ကာ သင်္ဘောပေါ်မှ
လှေကားချပေးလာသည်။
ငါးမန်း၏ကျောပေါ်ရှိ လူလေးယောက်က
လှေကားရှိရာ ကူးခတ်လိုက်ကြသည်။
ချင်စန်းနှင့်ကုယန်က ကျန်းယွီတို့
နှစ်ယောက်ကို အရင်တက်စေချင်သော်လည်း
ထိုနှစ်ယောက်က အချင်းချင်းစိုက်ကြည့်နေကာ
ကျန်းယွီက စပြောလာသည်။
"ခင်ဗျားတို့ကို ချင်ကောကအရင်ခေါ်သွားလိမ့်မယ်"

ချင်စန်းက မျက်မှောင်ကြုတ်ကာ
လက်သီးဆုတ်လျက် "မင်းတို့ရောအတူ
မသွားဘူးလား???"

ကျန်းယွီက "ကျွန်တော်တို့နောက်က
လိုက်လာတဲ့သူတွေကို တားလိုက်ဦးမယ်"

ငါးမန်းလေးက ရှေ့ကို ဆက်မသွားနိုင်
တော့တာကြောင့် သူ့လူတွေက
မကြာခင် ဖမ်းမိသွားမည်ဖြစ်သည်။
နောက်တွင် လိုက်လာသည့်သူက
၁၀ယောက်တောင်ဖြစ်ပြီး အနား
ရောက်လာပါက လုချင်ကိုပါ
ဖမ်းနိုင်ပေသည်။ သူနှင့်လင်းချန်းသာ
ငါးမန်းပေါက်လေးနှင့်အတူ
သင်္ဘောအဝေးရောက်သည့်အချိန်ထိ
လူမျိုးစုများဆက်မလိုက်အောင်
ခုခံရန်ဆုံးဖြတ်ထားခဲ့သည်။

နီးကပ်လာပြီဖြစ်သောလူများကို
ကြည့်ကာ ကျန်းယွီက ချင်စန်းကို
အမြန်တွန်းလွှတ်ကာ
"သွားတော့။ ကျွန်တော်ခင်ဗျားကို
လာရှာပါ့မယ်"

လင်းချန်းကလည်း ကုယန်ကိုတွန်းလွှတ်ကာ
ပြောလာသည်။ "သူတို့ကငါတို့ကိုတော့
ဘာမှမလုပ်ပါဘူး။ ခင်ဗျားတို့သာ
အရင်သွားနှင့်။မဟုတ်ရင် ခင်ဗျားတို့
သွားလို့မရဘဲနေဦးမယ်"

"ကိုယ်မင်းကို စောင့်နေမယ်!!!"
ချင်စန်းက အခုချိန်က ဇွတ်တရွတ်
လုပ်ရမည့်အချိန်မဟုတ်တာ
သိတာကြောင့် ကျန်းယွီကို
တင်းတင်းကြပ်ကြပ်ဖက်ကာ
လှေကားကနေတစ်ဆင့်
သင်္ဘောပေါ်သို့တက်လိုက်သည်။

The Little Merman Book2 (mmtran)Where stories live. Discover now