ချင်စန်းက ကုမ္ပဏီမှ ညနေတွင်ပြန်လာခဲ့သည်။
သူကဧည့်ခန်းထဲမှာရော အခန်းထဲမှာရော
နောက်နောက်ကိုမတွေ့တာကြောင့်
ကလေးထိန်းကိုမေးလာသည်။
"ကလေးရော???"ကလေးထိန်းက နောက်နောက်၏ အဝတ်များ
လျှော်နေရင်းကနေ ပြောလာသည်။
"ဆရာ့အမေနဲ့ညီက ကလေးကိုခေါ်သွားတယ်"အမေနဲ့ဖန်းမြောင်က ဒီကိုရောက်လာတာလား???
ချင်စန်းက မျက်မှောင်ကြုတ်လျက်
ဖုန်းထုတ်ကာ ဖန်းမြောင်ကို ခေါ်လိုက်သည်။ခဏအကြာတွင် တစ်ဖက်လူက ပြန်ဖြေလာခဲ့သည်။
ချင်စန်းက ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်သည်။
"ကလေးကို မင်းတို့ဘယ်ခေါ်သွားတာလဲ???"ဖန်းမြောင်က "ခဏလေးတောင် စိတ်မချဘူးလား???
စိတ်မပူပါနဲ့။အမေနဲ့ကျွန်တော် ကလေးကို
ပြီးရင်ပြန်ခေါ်လာပါ့မယ်"ထို့နောက် သူ့အကိုနောက်ထပ်ထပ်မေးလာမှာ
စိုးတာကြောင့် ဖန်းမြောင်က ဖုန်းချလိုက်သည်။ချင်စန်းက ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌
တစ်ချိန်လုံးထိုင်စောင့်နေခဲ့သည်။
ည၉နာရီအရောက်တွင် တံခါးဖွင့်သံကြားလာပြီး
သူ့အမေနှင့်ဖန်းမြောင်က ကလေးကိုခေါ်ကာ
ပြန်လာခဲ့ကြသည်။သူတို့လက်ထဲတွင် ဈေးဝယ်ထွက်လာသည့်
အိတ်မျိုးစုံပါလာခဲ့သည်။ ချင်စန်းက
ယူဖွင့်ကြည့်လိုက်ရာ ကလေးအဝတ်အစား
အများအပြားနှင့်အရုပ်မျိုးစုံပင်။ချောင်ရှင်းက ဆိုဖာပေါ်တွင် နောက်နောက်အား
ချကာ ချီးမွမ်းခန်းဖွင့်တော့သည်။
"ကလေးလေးက ချီရတာလေးပေမဲ့
အရမ်းချစ်စရာကောင်းပြီး
လိမ္မာတော့ အမေဈေးဝယ်ထွက်တဲ့
လမ်းတစ်လျှောက် တွေ့သမျှကလေးအားလုံးထဲမှာ
လူတိုင်းက ဒီကလေးကိုပဲ
ဝိုင်းကြည့်နေကြတာ!""ကော ကျွန်တော်နဲ့ခဏလိုက်ခဲ့ဦး။
ကျွန်တော်ကောကို မေးစရာလေးရှိတယ်"
ချင်စန်းက စမပြောရသေးခင် ဖန်းမြောင်က
သူ့ကို ဝရံတာဘက်ဆွဲခေါ်ကာ အလောတကြီး
မေးလာသည်။ "ကော အမှန်အတိုင်းဖြေနော်!!
ဒီကလေးရဲ့မွေးအမေက ဘယ်သူလဲ???
သူနဲ့ဘယ်တုန်းကတွေ့ခဲ့တာလဲ???
ဒီကိစ္စကိုငါးကလေးရော သိလား?
ငါးကလေးရဲ့ကွယ်ရာမှာ ဘယ်လိုလုပ်ပြီး
အမှားလုပ်ရက်ရတာလဲ??"
YOU ARE READING
The Little Merman Book2 (mmtran)
AdventureI don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi Chapters- 92+6 extra(total 98) ချင်စန်း(gong)- ပစ္စည်းတွေ ပျောက်သွားတိုင်း သူခိုးကပုလဲလုံးတွေ ချန်ထာ...