76.2(U)

1.3K 255 5
                                    


နောက်တစ်နေ့တွင် အဘိုးချင်က သူ့ငါးတွေကို လာကြည့်ခဲ့သည်။ ငါးတွေ တက်ကြွစွာ ကူးခတ်နေသည်ကို မြင်သည်နှင့် အံ့ဩကာ အပြေးလေးလျှောက်လာပြီး သူ့မြေးအား မေးလာသည်။ "အားစန်း သူတို့တွေ မနေ့ကအထိ မတက်ကြွသလိုပါပဲ။ ဒီနေ့ဘာလို့ လန်းနေတဲ့ပုံပေါက်ရတာလဲ?"

ချင်စန်းက "ကျွန်တော်လည်းမသိဘူး"

အဘိုးချင်က သူ့မေးကို ထိကာ စဥ်းစားသလို ဟန်ဖြင့် "အင်း သူတို့မင်းကို  သဘောကျလို့ ဖြစ်ရမယ််"

သဘောကျတာ.......ချင်စန်းက သူ့အဘိုးရဲ့စကားကြောင့် ငါးကန်ကို ငုံ့ကြည့်လိုက်ရာ ငါးသုံးကောင်က သူ့ကို အမြီးတွေ ရမ်းပြလာသည်။

"ဟုတ်တာပေါ့။ ငါ့ဆီမှာတုန်းက သူတို့က ငြိမ်နေတာပဲ။ မင်းဆီရောက်လာမှ သူတို့အဆင်ပြေတော့တယ်။" ထို့နောက် အဘိုးချင်က အပြန်တွင်မှာခဲ့လိုက်သေးသည်။ "သူတို့က ပုဇွန်သေးသေးလေးတွေ၊ ငါးလေးတွေ စားရတာကြိုက်တယ််။ မင်းသူတို့ကို ကျွေးဖို့ မမေ့နဲ့နော်"

ချင်စန်းက သူ့အဘိုးပြောမှ ငါးကျွေးဖို့သတိရပြီး လက်ထောက်ကို အသင့်ထုတ်ငါးစာ ဝယ်ခိုင်းကာ ငါးစာစကျွေးချိန်၌ ငါးများအပေါ်််််  သို့ တက်လာကာ အစာလာဟပ်ကြတော့သည်။ ငါးများ အငမ်းမရစားတာကြောင့် သူ့အဘိုးပြောသည့် အကြောင်းအား မယုံတော့ပေ။ သို့သော််််လည်း အကြောင်းရင်းမှန်ကတော့ သူတို့ကို ဘူလီမည့်သူလာပါက ကူးပြေးဖို့ အားရှိ‌အောင် စားတာသာ ဖြစ်သည်။

ချင်စန်းက လက်ပေါ် မှောက်ပြီး ထည့်ကျွေးထားတာကြောင့် လက်ခါလိုက်််် ချိန်၌ သူ့သားက အိပ်ရာက နိုးလာခဲ့သည်။

နေ့လည်ဘက်တွင် အဘိုးချင်က ခရမ်းရောင်ငါးတစ်ကောင်နှင့် ရွှေရောင်ငါးတစ်ကောင်ကို ယူလာပြန်သည်။ ထို့နောက် ငါးကန်ထဲထည့်ချိန်၌ အစပိုင်းကလို တက်ကြွမှုရှိမနေပေ။

ချင်စန်းက ငါးစာထည့်ကျွေးချိန်၌ အရင်သုံးကောင်ကသာ စားပြီး အသစ်၂ကောင်က မစားဘဲ ချင်စန်းအား အမြင်မကြည်သလို စိုက်ကြည့်နေကာ မကျေမနပ် ရေရွတ်နေကြသည်။

The Little Merman Book2 (mmtran)Where stories live. Discover now