77.1(U)

1.3K 276 2
                                    


ကျန်းယွီက လေဆိပ်တစ်ဝိုက် မျက်စိကို ‌ဝေ့ဝိုက်ကြည့်လိုက်တော့မှ လူအုပ်ကြားထဲက စိုက်ကြည့်နေသော ချင်စန်းကို မြင်လိုက်ရသည်။ 

သူ့ရဲ့ မျက်ခုံးတွေက မြင့်တက်နေပြီး အကြောများပင် ထောင်နေပေသည်။ မပြုံးမရယ်ရင်တောင် ရုပ်ကချောနေတုန်းဖြစ်ကာ လက်မောင်းပေါ်််််တွင်လည်း နောက်နောက်လေးကို ပွေ့ထားသည်။ ကျန်းယွီက ဖုန်းထုတ်ပြီး သူတို့သားအဖကို ရိုက်ချင်သော်််လည်း ချင်စန်းက အေးစက်စက်ကြည့်နေတာကြောင့် ဖုန်းပြန်သိမ်းကာ အမြန်ပြေးလာလိုက်သည်။

"ကျွန်တော််််််ဗိုက်နာလို့ သန့်စင်ခန်းသွားဖို့လိုတယ်။ အရင်ပြန်နှင့်တော့မယ်" ကျန်းယွီက ‌ဘေးကလူများကို ခွင့်တောင်းလိုက်သည်။

"အဲဒါဆို ကျွန်တော် ကောကို နားနေခန်းထဲမှာ စောင့်နေတော့မယ်" ယွီဖေးက ပြောရင်း ‌နေကာမျက်မှန်ကို ပြန်တပ်ကာ ထွက်သွားသည်။

ကျန်းယွီက ချင်အင်ပါယာထံ အခစားဝင်လိုက်ရာ ချင်စန်းက သူ့အိတ်ကို ဆွဲလိုက်ပြီး သူ့မျက်နှာကလည်း ယွီဖေးကျောပြင်ကို ကြည့်နေခဲ့သည်။

"သူက ကျွန်တော်််် နဲ့ အစီအစဥ်််််တူတူ ရိုက်ပြီး အသွားအပြန်တူတူသွားခဲ့တဲ့သူလေ" ကျန်းယွီက ထို့နောက် သူ့အင်္ကျီလက်တွေကို ဆွဲတင်လျက် သူ့သားလေး၏ မျက်နှာကို ဆွဲညှစ်လိုက်ကာ "သူဝလာသလိုပဲ"

"ဟုတ်လို့လား?" ချင်စန်းက အခုမှ သူ့သားဆီ အသိပြန်ရောက်လာကာ ပြောလာသည်။

နောက်နောက်က သူ့ပါးပါးဆီ ချီရန် ထိုးချနေသော်််လည်း ချင်စန်းက ခွင့်မပြုဘဲ ချီထားပြီး နောက်လက်တစ်ဖက်ကလည်း ‌ကျန်းယွီ၏ ခရီးဆောင်အိတ်ကို သယ်ကာ ထွက်လာသည်။ 

..................................................................................................

ရိုက်ကူးရေးအဖွဲ့က ကျန်းယွီအတွက် အပြန်လက်မှတ်ဖြတ်ထားသော်််လည်း ကျန်းယွီက ဖုန်းဆက်ကာ သူ့အတွက်လက်မှတ်ကို cancel ခိုင်းလိုက်ကာ ချင်စန်းနှင့်အတူ နောက်လေယာဥ်််််အချိန်ကို ဖြတ်လိုက်သည်။

စစ်ဆေးခြင်းများပြုလုပ်ပြီးနောက် နားနေခန်းထဲတွင် လေယာဥ်််် ကို စောင့်နေချိန် ကျန်းယွီ၏ဖုန်းက ‌စာဝင်လာခဲ့သည်။ စာပို့သူက လီရိရိဖြစ်ပြီး ရေတံခွန်မှာ ဖြစ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး တောင်းပန်တာဖြစ်သည်။

The Little Merman Book2 (mmtran)Where stories live. Discover now