65.2(U)

2.2K 487 20
                                    


နောက်တစ်နေ့မနက်တွင် လင်းချန်းက
မျိုးနွယ်စုထဲကသူတွေခေါ်သံကြောင့်
ပင်လယ်ထဲ ပြန်သွားခဲ့သည်။
နေ့လည်ပိုင်းတွင် ပစ္စည်းသိမ်းရန်
ပြန်လာခဲ့ပြီး ကုယန်နှင့်ချင်စန်းက
နေဝင်ချိန်ထွက်ခွာရန်အတွက်
စောင့်နေခဲ့ကြသည်။
သို့သော် နေဝင်ချိန်၌ ငါးမန်းများက
ကျွန်းတစ်ခုလုံး ဝိုင်းရံလာခဲ့သည်။

ကုယန်က ကျန်းယွီတို့ လက်ချက်ဟု
ထင်လာတာကြောင့် "ငါးမန်းတစ်ကောင်ဆို
နှစ်ယောက်ထိုင်လို့ရပါတယ်။
ငါးမန်းအများကြီးက ဘာလုပ်ဖို့လဲ???"

သူက တစ်ယောက်တစ်ကောင်စီတော့
မထိုင်ချင်ပေ။အရမ်းကြောက်ဖို့
ကောင်းသောကြောင့်ပင်။

ကျန်းယွီနှင့်လင်းချန်းက တစ်ယောက်
မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး
သူတို့လည်းဘာဖြစ်နေကြမှန်း
မသိတော့ပေ။ ချင်စန်းက
ပင်လယ်ထဲသို့ လှမ်းကြည့်လိုက်ပြီး
အော်လိုက်သည်။
"ပင်လယ်ထဲမှာ လူတွေအများကြီး
ရှိနေတယ်!!!!"

ကုယန် လှမ်းကြည့်ချိန်၌ ငါးမန်းတစ်ကောင်စီ၏
ကျောပေါ်၌ လူတစ်ယောက်စီ
ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူကအံ့သြသွားသော်လည်း
အလျင်အမြန် ပြန်ထိန်းနိုင်သွားသည်။
ဤလူများက လင်းချန်းတို့မျိုးနွယ်စုထဲက
လူများဖြစ်နိုင်သည်ဟု တွေးမိသွားတာပင်။

"ငါဘာဖြစ်နေတာလဲဆိုတာ သွားမေးလိုက်ဦးမယ်"
လင်းချန်းက မျက်နှာတည်တင်းလျက်
ပင်လယ်ထဲသို့ ခုန်ချသွားခဲ့သည်။

ခဏအကြာတွင် ပြန်လာကာ
"သူတို့က ကုယန်နဲ့ချင်စန်း
ထွက်သွားမှာကို စိတ်ပူနေတာတော့
မဟုတ်ဘူး။သူတို့က သူတို့ရဲ့ဖြစ်တည်မှု
ပေါ်သွားမှာကြောက်နေတာ"

ကျန်းယွီက နှုတ်ခမ်းကိုက်ကာ
"ငါမျိုးနွယ်စုအကြီးအကဲအဘိုးနဲ့
သွားတွေ့လိုက်ဦးမယ်"

"ငါလည်းမင်းနဲ့လိုက်ခဲ့မယ်" လင်းချန်းက
ပြောလာသည်။

ဒီညမပြန်ဖြစ်တော့တာကြောင့်
ချင်စန်းနှင့်ကုယန်က သစ်တောထဲသို့
နားရန်ပြန်လာခဲ့သည်။
ကျန်းယွီနှင့်လင်းချန်းက ပင်လယ်ထဲရှိ
အကြီးအကဲ အဘိုးအိုထံ ပြန်လာခဲ့သည်။

The Little Merman Book2 (mmtran)Tahanan ng mga kuwento. Tumuklas ngayon