စနေနေ့ တစ်နေ့လုံး ဘုန်းမြတ်ဖြိုးမှာ မြတ်မင်းခ နဲ့ အတူ အရုပ်ဆက်တာ၊ TV ကြည့်တာ၊ အိမ်စာ အတူလုပ်ပေးတာ စတဲ့ ကလေးထိန်းအလုပ်တွေကို လုပ်ခဲ့သည်။
မြတ်မင်းခက ထိုတစ်နေ့လုံး အိမ်ထဲမှာ ငြိမ်ငြိမ် ကစားပေမယ့် တနင်္ဂနွေနေ့ မနက်မှာ စတင် ဂျီတိုက်တော့သည်။
"သား အပြင်ထွက်ချင်တယ်..."ဟု တွင်တွင်ပြောရင်း မနက်စာမစားဘဲအိမ်ထဲမှာ ပတ်ပြေးနေတော့တယ်။
"မြတ်မင်းခ...ခုံပေါ်မှာ လာထိုင်လို့ပြောနေတယ်လေ " သုခေတ်က မန်လေသည်။
အိမ်ကို ရောက်ခါစက စကားနားထောင်ခဲ့သလောက် အဖေနှစ်ယောက်နဲ့ အထာကျသွားတော့ မြတ်မင်းခကို လွယ်လွယ်နဲ့ ထိန်းမရတော့ပေ။
တောက်တက် တောက်တက် လျှောက်ပြေးနေသည့် မြတ်မင်းခကို ဘုန်းမြတ်ဖြိုးက ချီက ခုံပေါ်သို့ တင်ပေးလိုက်သည်။
"နွားနို့ မသောက်ချင်ဘူး "
"ပေါင်မုန့် မကြိုက်ဘူး ကွတ်ကီးစားမှာ သားက "
သုခေတ်သည် မြတ်မင်းခအား မျက်စောင်းခဲကာ
"ပေါင်မုန့် မဟုတ်ဘူး အဲ့ဒါ ပန်ကိတ်လေ..."
မြတ်မင်းခက ဘာမှ မပြောပေမယ့် ခုံပေါ်မှာတောင့်တောင့်ကြီးထိုင်နေသည်။
"မုန့်စားပြီးရင် ဖေကြီးက အပြင် ခေါ်သွားပေးမယ်တဲ့ " သုခေတ် စကားကြောင့် မြတ်မင်းခ မျက်လုံးတွေ ရောင်လက်သွားတယ်။
အဲ့နောက်မှာတော့ မနက်စာ စားခြင်း လုပ်ငန်းစဉ်ကို အေးချမ်းစွာနဲ့ အပြီးသတ်နိုင်ခဲ့သည်။
"ကိုယ်တို့နဲ့ အတူမလိုက်ဘူးလား "
မြတ်မင်းခကို ဖိနပ်ဝတ်ပေးနေသည့် ဘုန်းမြတ်ဖြိုးက မေးလိုက်သည်။
"မလိုက်တော့ဘူး... ပေါက်စကိုပဲ ခေါ်သွားတော့
မြတ်မင်းခ ဖေကြီး စကားကို နားထောင်နော်"
"ဟုတ်..."
အခုဆိုရင် သုခေတ် ပါးစပ်ကနေ ဖေဖေနဲ့ ဖေကြီးဆိုတဲ့ စကားကို အလွယ်တကူပြောထွက်နေပြီ။
ဘုန်းမြတ်ဖြိုးက ကလေးကို အိမ်ရာဝန်းထဲက ပန်းခြံဆီ ခေါ်သွားသည်။
သူ့မှာ ကလေးငယ်ငယ်လေးတွေနဲ့ တစ်ခါမှ မနေဖူးလို့ မြတ်မင်းခကို သိပ်မထိန်းတတ်ပေ။ မနေ့ကလည်း တစ်နေ့လုံး ကစားပေးနေတာနဲ့ ဘယ်လို အချိန်ကုန်လို့ကုန်သွားမှန်း မသိ။ သို့သော်လည်း မြတ်မင်းခနဲ့ ပတ်သတ်ပြီး စိတ်ဖိစီးမနေခဲ့ပါ။
YOU ARE READING
အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]
![အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]](https://img.wattpad.com/cover/331975493-64-k738340.jpg)