(၁၀)

4K 351 11
                                    

"ဒါနဲ့ ကလေး အမေကရော "

သုခေတ် မေးရိုးတွေတောင့်တင်းသွားသည့်တိုင် အပြုံးမပျက်။
သူက ဒေါ်မာလာနှင်းရဲ့ မျက်နှာကို မင်သေသေပြန်ကြည့်နေလိုက်တယ်။
ဒေါ်မာလာနှင်းက သူနဲ့ မျက်လုံးချင်းမဆုံဘဲ မျက်နှာကျက်ကိုသာ အကြည့်လွှဲထားသည်။
သုခေတ်ငယ်စဉ်က ဒေါ်မာလာနှင်းက ဒီလိုမဟုတ်ပေ။
Figure 9 ရဲ့ ဦးဆောင်သူက ညီမဖြစ်သူ ဒေါ်မေသူနှင်းဖြစ်နေတာက တစ်ကြောင်း။
သူမရဲ့ သမီးက စီးပွားရေးသမားတစ်ယောက်နဲ့ လက်ထပ်ပြီး သူမရဲ့ သမက်က Figure 9 က သူမနဲ့လည်း သက်ဆိုင်တယ် ဒေါ်မေသူနှင်းက ညီအစ်မချင်း လူလည်ကျပြီး လက်ဝါးကြီးအုပ်ထားသလို သွေးထိုးတာကြောင့် တဖြည်းဖြည်း သူတို့ မိသားစုကို အမြင်မကြည်တော့ပေ။

"ကျွန်တော်က သုခေတ်ရဲ့ အမျိုးသားပါ "
ဘုန်းမြတ်ဖြိုးမျက်နှာတွင် စိတ်ဆိုးဒေါသထွက်နေတဲ့ အရိပ်အယောင်လုံးဝမရှိ။ ‌သူရဲ့ ပုံမှန် သင်ခန်းစာပို့ချမှုမစတင်ခင် နှုတ်ဆက်သလိုမျိုးပေါ့ပေါ့ပါးပါးလေသံမျိုးနဲ့ သူ့ကိုယ်သူ မိတ်ဆက်လာသည်။

"အော် အေး ဟုတ်သားပဲ သုခေတ် မိန်းမ မယူထားတာ ငါ မေ့သွားတာ အဟင်း..."
ဒေါ်မာလာနှင်းက ထေ့သလိုလိုဆိုသည်။
သုခေတ် သိထားပြီးသား။ သူ့ကြီးကြီးက ရှေးရိုးစွဲပြီး ဒီလို ကိစ္စတွေကို လက်မခံနိုင်ဘူးဆိုတာ။ပြီးတော့ အခွင့်ရရင် ရသလို သူ့သမက်နဲ့ ဘုန်းမြတ်ဖြိုးကို ယှဉ်ချင်နေတုန်းပဲ။

"ကဲပါ မင်းတို့ မနက်စာ စားစားခဲ့ပြီလား မင်းတို့ကြီးကြီး နန်းကြီးသုပ်လုပ်ထားတယ် စားမလား အမေ သွားပြင်ပေးမယ် "

"ရတယ် အမေ ကျနော် အိမ်မှာ စားလာခဲ့တယ် "

"ငါတို့ ဝက်ဝံလေးရော စားမလား ဖွားသွားပြင်ပေးရမလား "
မြတ်မင်းခကို ဒေါ်မေသူနှင်းက ချစ်စနိုးနဲ့ ဝက်ဝံလေးလို့ ခေါ်လေ့ရှိတယ်။
မြတ်မင်းခက သူအကြိုက်ဆုံး ကာတွန်း ဇာတ်ကောင်နဲ့ သူ့ကိုယ်သူ တူတယ်လို့ ယူဆထားတာမလို့ ဝက်ဝံလို့ခေါ်တာကို သဘောကျသည်။

"ဟင့်အင်း..."

မြတ်မင်းခက သုခေတ်နဲ့ ဘုန်းမြတ်ဖြိုးဆီ ဘယ်လိုပြန်သွားရမလဲ အကြံထုတ်နေတာနဲ့ မုန့်စားဖို့ စိတ်မပါဘူး။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now