(၃၅) Final Part

8.4K 372 15
                                        

ရှယ်လီ ကင်မရာချိန်လိုက်တာနဲ့ ဘုန်းမြတ်ဖြိုးက အလိုက်တသိရှောင်ပေးသည်။

"မင်္ဂလာပါ ကလေးအဖေ အသစ်စက်စက်လေးရေ "

သုခေတ်က ပြုံးလျက်...
"မင်္ဂလာပါ အန်တီရှယ်လီ "

"အရင်အတိုင်း အပြောအဆို မတတ်တုန်းပဲနော် "

"အန်တီလည်း ရည်းစားရှာလို့ မရသေးဘူးမလား "

ရှယ်လီ သုခေတ်အား ထုချင်စိတ်ကို မနည်းထိန်းထားကာ...

"ကောင်းကောင်းမွန်မွန်ပြော ငါ edit မလုပ်ချင်ဘူး "

"အင်းပါ ခုဏက စတာနော် ရည်းစားက တစ်ချိန်ချိန် ရမှာပေါ့ ဖိုက်တင်း "

"ဒါပဲလား အခြား ဘာထပ်ပြောဦးမလဲ "

"အခု ဒီ video ကြည့်ရှုနေတဲ့ သူများ ဒီ အစ်မကြီးကို ကောင်လေးတစ်ယောက်လောက် ရှာပေးကြဖို့ အကူအညီတောင်းပါတယ် မဟုတ်ရင် သူများတွေ သာယာနေတဲ့ အချိန်ဆို ကင်မရာကြီးနဲ့ ဝင်ဝင်လာလို့ အတော်လေး စိတ်ညစ်ရတယ်ဗျ like နဲ့ subscribe အပြင် အဆင်ပြေမယ့် တစ်ယောက်ယောက်ကို comment မှာ mention ပေး..."

သုခေတ်ကို စကားဆုံးအောင်ပြောခွင့်မပြုတော့ဘဲ ရှယ်လီ ကင်မရာကို ကိုယ့်ဘက်ကို ပြန်လှည့်လိုက်သည်။

"ဟုတ်ကဲ့ ဒါကတော့ ကိုမိုးသက်ဈာန်ရဲ့ မင်္ဂလာပွဲကို လာရောက် ဂုဏ်ပြုချီးမြှင့်ပေးကြတဲ့ Square Root အဖွဲ့ဝင်ဟောင်းတွေပဲ ဖြစ်ပါတယ်ရှင့် နောက်တစ်ပိုင်းမှာ ရှယ်လီ ဒီနေ့ ပြင်ထားတဲ့ make up look လေးရဲ့ tutorial နဲ့ ဒီ out fit လေးကို ဘယ်လို ဖန်တီးထားလဲဆိုတာ ဆက်တင်ပေးပါ့မယ်နော်  အားလုံးပဲ ဘိုင့်ဘိုင်
မွစ် "

ကင်မရာပိတ်လိုက်တာနဲ့ ရှယ်လီတစ်ယောက် သုခေတ်ကို လိမ်ဆွဲတော့တယ်။
အသားနာတာတောင် တဟားဟားရယ်ရင်း သုခေတ် အူမြူးနေသည်။
မလှမ်းမကမ်းမှာ ရပ်နေသည့် ဘုန်းမြတ်ဖြိုးက သုခေတ်ဘေးမှာ ပြန်ထိုင်သည်။

ရှယ်လီက မကျေမနပ်နဲ့ သုခေတ်ကို အော်တော့သည်။
"အေး အေး နင်နော် ယောက်ျားအားကိုးနဲ့ ငါ့ပဲ ဘူလီနေ ငါလင်ရမှ အကုန်ပြန်တိုင်မယ် ကြည့်နေ "

"အွန်းပါ ကြောက်ပါတယ် နောက်တစ်ခါ မဘူလီတော့ပါဘူး " အလွန်အမင်း ကြောက်ချင်ယောင်ဆောင်ကာ သုခေတ်က ဘုန်းမြတ်ဖြိုး လက်မောင်း တစ်ဖက်ကို ဖက်ထားသည်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Donde viven las historias. Descúbrelo ahora