(၃၂)

3.8K 298 6
                                        

သုခေတ်ရဲ့ အိမ်ထောင်ဖက်လို့ သတင်းထွက်ပြီးနောက်ပိုင်း ဘုန်းမြတ်ဖြိုးရဲ့ နေ့စဉ်ဘဝမှာ အကြီးမားဆုံး ပြောင်းလဲသွားတာကတော့...
Lecture ချိန်မှာ လူပိုများလာတာဖြစ်သည်။
ထူးခြားတာက သူ့အတန်းကိုလာတက်ကြတဲ့ ကလေးများမှာ သူ့ကို ဆရာတစ်ယောက်လို ရှိန်မနေကြ။
ရဲရဲတင်းတင်းပင် သူရဲ့ လှုပ်ရှားမှု အားလုံးကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေတတ်ကြသည်။

ဘာနဲ့တူလဲဆို သရုပ်ဆောင်လူရွေးပွဲ ဝင်ပြိုင်တဲ့ သူတစ်ဦးကို ဒိုင်တွေက အကဲဖြတ်နေသလိုပဲ။

ဘုန်းမြတ်ဖြိုး အစက မသိချင်ယောင်ဆောင်နေပေမယ့် တဖြည်းဖြည်း လူ‌တွေ စုပြုံလာတော့ စာတကယ် လာနားထောင်တဲ့သူတွေ အနှောက်အယှက်ဖြစ်မှာစိုးလို့ တမင် စာမေးပြီး နှင်ထုတ်လိုက်ရတယ်။

လုပ်ဖော်ကိုင်ဖက် ဆရာ/ဆရာမတွေနဲ့တွေ့တော့လည်း...
"ဆရာ့ အတန်းမှာလူပြည့်နေတာပဲနော် ကျမတို့ ဌာနမှာ ဆရာက cele ဖြစ်နေပြီ "

"မဟုတ်တာဗျာ ကလေးတွေက သတင်းအသစ်အဆန်းရဲ့ အဓိကလူဖြစ်နေလို့ စူးစမ်းချင်တာပါ နောက်ဆို အရင်လို ပြန်ဖြစ်သွားလိမ့်မယ် "

"ဘာအသစ်အဆန်းလဲ ကျမတို့တောင် သတင်းတွေမြင်တော့ အံ့ဩလွန်းလို့ နှစ်ခါလောက်ပြန်ဖတ်လိုက်ရတယ် ဆရာက အရမ်းလျှိုတာပဲ"

"အခြေအနေအရ ‌ထုတ်ပြောဖို့ နောက်ရွှေ့ရင်း ရွှေ့ရင်းကနေ ကြာသွားတာပါ "

"ဟင်း...နော်... ကြာတာကလည်း ကလေးလေးတောင် ထွက်လာတဲ့ထိကြာရတယ်လို့  "
ဘုန်းမြတ်ဖြိုးက ထိုမေးခွန်းကို မဖြေခင် ခပ်ဟဟရယ်၏။ တကယ်တော့ သူ့အတွက် ကလေးအဖေလို့ အမြင်ခံရတာ တစ်မျိုးလေး ကြည်နူးမိသလို သူများတွေ ဂုဏ်ပြုလာတဲ့ အခါမျိုးဆိုရင်  အနည်းငယ်လည်း ရှက်မိသည်။
"အဲ့ဒါက ကလေးအတွက်ပါ ထည့် စဉ်းစားလို့ မပြောတာလည်းပါပါတယ် ကျနော်တို့ နှစ်ယောက်က သာမန် မိဘတွေလိုမဟုတ်ဘူးလေ အဲ့တော့ ဒီလို သိတတ်တဲ့ အရွယ်ရောက်မှ ကလေး လည်းလက်ခံနိုင်ပြီ
ကျနော်တို့နဲ့ အသားကျပြီဆိုတော့မှ ထုတ်ပြောဖို့ စီစဉ်လိုက်တာပါ လက်ထပ်ထားတဲ့ အကြောင်းကိုတော့ ကျနော် မလျှိုထားပါဘူးနော် "

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Место, где живут истории. Откройте их для себя