(၃၁)

3.7K 287 7
                                        

Online ပေါ်မှာ ဘုန်းမြတ်ဖြိုးရဲ့ နာမည်နဲ့ အလုပ်အကိုင်ပါ အားလုံး ပေါက်ကြားသွားပြီးနောက်တွင်တော့ သုခေတ်ရဲ့ အိမ်ထောင်ရေးအကြောင်းကို တစ်နိုင်ငံလုံး သိကုန်ပြီဖြစ်သည်။

သုခေတ်သားလေးရဲ့ နောက် အဖေတစ်ယောက်...

Yတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ယောက်က နာမည်ကျော် အဆိုတော်သုခေတ်နဲ့ လက်ထပ်ထားတယ်...

သုခေတ် လက်တွဲဖော် ယောက်ျားလေး ချစ်သူ၏ ပုံစံအမှန်ကို ထုတ်ဖော်လာခြင်း

စတဲ့ ခေါင်းစဉ်တွေနဲ့ မိဒီယာတွေက သူ့ထက်ငါ အပြိုင်အဆိုင် ထုတ်ဖော်လာကြသည်။

အဆိုးဆုံး ကောလဟာလကတော့ သုခတ်နဲ့ လက်ထပ်ထားတဲ့သူက အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကလေးတစ်ယောက်ပါရှိတဲ့ဆိုသည့် အကြောင်းအရာပင်။

အဂ္ဂါဦး ပွဲကနေထွက်လာတာနဲ့ အရင်ဆုံးလုပ်တာက ဖုန်းဖွင့်ပြီး သုခေတ်သတင်းကို ရှာကြည့်တာပင်ဖြစ်သည်။

လွန်ခဲ့တဲ့ နာရီအနည်းကယ်လောက်ကတင် သူနဲ့ ပြောဆိုရီမောနေတဲ့ သုခေတ်ရဲ့ ဂယက်က အခုဆို တစ်လောကလုံး ပျံ့နှံ့နေပြီ။ သိစေချင်တာက ကလေးအကြောင်း၊ ထွက်လာတဲ့ သတင်းက ဘုန်းမြတ်ဖြိုးအကြောင်း။

အရင်ဆုံး အဂ္ဂါဦးက သုခေတ်ရဲ့ personal ဖုန်းကို ခေါ်ကြည့်သည်။

ဖုန်းက ဆက်သွယ်၍မရချေ။

ဒီလိုအခြေအနေမျိုးမှာ သိပ်မရင်နှီးတဲ့ လူတွေတောင် တစ်နည်းမဟုတ် တစ်နည်း ဆက်သွယ်ပြီး ဇာတ်လမ်းစုံကို စပ်စုကြဦးမှာဖြစ်သည်။

သုခေတ် ဖုန်းပိတ်ထားတာ မဆန်း။

အခြေအနေကို အသေးစိတ်သိရဖို့အဂ္ဂါဦး ရှယ်လီကိုသာ ဖုန်းဆက်မေးလိုက်သည်။

သုခေတ်နဲ့ ဘုန်းမြတ်ဖြိုး ကုမ္ပဏီကို လာတဲ့ အကြောင်းနဲ့ သုခေတ် အမေ ဒေါ်မေသူနှင်း ဒေါသတကြီးနဲ့ ရုံးခန်းထဲကထွက်လာတဲ့ အကြောင်းကို ရှယ်လီက ဇာတ်စုံခင်းသည်။

"အခြေအနေတော့ သိပ်မဟန်ဘူးဟဲ့ သုခေတ် သူ့ အမေဆီက အဆော်ခံရတာ မျက်ခုံးပေါက်သွားတယ်လို့ကြားတယ် "

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now