(၂၃)

3.3K 285 1
                                        

ရှယ်လီက ကုမ္ပဏီတစ်ခုလုံးမှာ သုခေတ် အယုံကြည်ရဆုံးလူ စာရင်းထဲမှာပါတယ်။ သုခေတ်နဲ့ ဘုန်းမြတ်ဖြိုး အကြောင်းရော မြတ်မင်းခကိုပါ သိနေပြီးသားဆိုတော့ သာမန်ကာသျှံကာ ကိစ္စလောက်နဲ့ သူမလို အလုပ်များတဲ့သူက သုခေတ်ကို ဖုန်းဆက်မှာ မဟုတ်။

သုခေတ် ရှယ်လီကို ဖုန်းပြန်ခေါ်လိုက်တယ်။

ဖုန်းမအားဘူးဆိုတဲ့ အလိုအလျှောက်ဖြေကြားသံသာ ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် မိနစ် 20 လောက်မှ ရှယ်လီဟာ ဖုန်းပြန်ဆက်လာတယ်။

Answer key ကို နှိပ်လိုက်တာနဲ့ တစ်ဖက်က ရှယ်လီ့ အသံက စူးခနဲ နားထဲဝင်လာသည်။

"နင် ဘာလို့ ဖုန်းမကိုင်တာလဲ "

"ကျနော်တို့ တစ်မိသားစုလုံး ခရီးထွက်နေတာလေ " သုခေတ်က ခပ်ကြွားကြွားလေး ပြောလိုက်၏။

"အေး အေး company မှာ ဗြောင်းဆန်အောင်မွှေထားပြီးတော့ နင်က သာယာနေလိုက် PR team နဲ့ PD တွေက နင့်ကို မေတ္တာပို့နေကြပြီ "

"‌အဲ့ဒါတွေထားဦး အစ်မ ဖုန်းဆက်တာ ဘာအရေးကြီးကိစ္စရှိလို့လဲ "

"နင် အခု ပြန်လာနေပြီလား "

"ဟုတ်တယ် လမ်းမှာ ပြောလို့ရတယ် ပြောလေ "

ကားမောင်းရင်းနဲ့ ဘုန်းမြတ်ဖြိုးက သုခေတ်ကို တစ်ချက်လှည့်ကြည့်လာတယ်။
သုခေတ် ခေါင်းခါပြကာ အရေးမကြီးဘူး ဆိုတာကို နှုတ်ခမ်းလှုပ်ရုံပြောလိုက်သည်။

"တနေ့က မိန်းမတစ်ယောက် နင့်ကို လာရှာတယ် ဘယ်သူမှ သူ့ကို company ထဲပေးမဝင်တော့ အကြာကြီးစောင့်နေ‌ပြီးမှ ပြန်သွားတယ်
သူနေ့တိုင်းနီးပါး လာတော့ ငါလည်း သတိထားမိနေတာ
နင့် အမေ သိမသိတော့ ငါလည်း မပြောတတ်ဘူး "

"Fan မဟုတ်ဘူးလား "

"စိတ်ကူးယဉ်မနေနဲ့ နင့်မှာ လင်ကြီး ငုတ်တုတ်နဲ့မှန်း သိရက်နဲ့ ဘယ် fan ကောင်‌မလေးက ဒီလောက် ဇွဲကောင်းကောင်းနဲ့ လာစောင့်နေမှာလဲ "

"ပြောလို့ရလား  အသည်းကွဲသွားလို့ သတ်ဖို့ လာစောင့်နေတာ ဆိုရင်ရော ? "

သုခေတ် ရယ်စရာပြောပေမယ့် ရှယ်လီက သူ့ အဖွဲ့ ငပေါလေးယောက်လို သူ့ကို ရေလိုက်ငါးလိုက် ပြောမပေးလေဘူး။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Où les histoires vivent. Découvrez maintenant