(၂၆)

3.1K 249 0
                                    

မြတ်မင်းခက မြေးအရင်း မဟုတ်ဘူးဆိုတဲ့ စကားထက် သူ့ မြေးအရင်းက ဘယ်တုန်းကမှ မရှိခဲ့ဘူး ဆိုတဲ့ စကားက ဒေါ်မေသူနှင်းရဲ့ ဒေါသမိုးကို ပိုမို သည်းထန်စေသည်။

ဒီနှစ်တွေအတွင်း သူမရဲ့ အချိန်တွေ၊ ထိုကလေးအတွက် ကြိုးစားအားထုတ်မှုတွေက ဟာသသက်သက်လိုပင်။

သူ့လို လူမျိုးကိုမှ ‌ဒီလို လှည့်စားနိုင်တယ် ဆိုတဲ့ အတွေးသည် ပို၍ပင် မခံချိမခံသာဖြစ်စေသည်။

ဒီအကြောင်းတွေကို ဘာမှ မဖြစ်သလို မျက်နှာပေးနဲ့ ပြောနေတဲ့ သုခေတ်ရဲ့ မျက်နှာကို ကြည့်နေရင်း နှလုံးသွေးတွေ ဆူပွက်လာသလိုပင်။

"အဲ့တော့ နင်က အဲ့ ဆရာဝန်မကို တွေ့ပြီး ဒီ အကြောင်းကို နားထောင်ပြီးတော့ ဒီအတိုင်းပြန်လာတယ်ပေါ့ နင် နည်းနည်းလေးတောင် နင့် ကလေးအကြောင်း စိတ်မဝင်စားဘူးလား ဟင် "

"ကလေးကဖြင့် ရှိတောင် ရှိမနေတာကို အမေက ဘယ်လို လုပ်စေချင်နေတာလဲ "

"နင်..."

လွန်ခဲ့တဲ့ လေးနှစ်တုန်းကကလေးယူဖို့ပြောတုန်းကလည်း သုခေတ် ပုံစံက ဒီလိုမျိုး တစ်ပုံစံတည်းပဲ။

"ကျွန်တော်ရော ဘုန်းမြတ်ဖြိုးရော ကလေး မလိုချင်ဘူးလို့ ပြောပြီးသားလေ ပြီးတော့ ကျွန်တော်တို့ ရှေ့လျှောက်လည်း ကလေးလုံးဝ ထပ်ယူမှာ မဟုတ်ဘူး "

ဒေါ်မေသူနှင်း နားလည်သည်။ သူမသားက လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတာကို ကြိုက်သည်။ သူနဲ့ လက်ထပ်ထားတဲ့ ဘုန်းမြတ်ဖြိုးသည်လည်း အတူတူပင်။

ဒီအတိုင်းသာဆို သူမတို့ မျိုးဆက်ပြတ်မှာ။
Figure 9 ကို လက်ဝါးကြီး အုပ်ချင်နေတဲ့ တူမဖြစ်သူ ရွှေယမင်းပိုင်က ဒီ အခွင့်အရေးကို စောင့်နေမှန်း သူမ သိတယ်။
ရှယ်ယာရှင်တွေရဲ့ ယုံကြည်မှုကို ရယူဖို့ဆို သုခေတ်မှာ အားနည်းချက် နည်းနည်းလေးမှ ရှိနေလို့ မဖြစ်။ 
နဂိုကတည်းကမှ အုပ်ချုပ်ရေးပိုင်းတွင် စိတ်မဝင်စားသော သုခေတ်က အလိုလိုနေရင်း တစ်ပန်းရှုံးနေပြီးသား။
ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ပြီး အမွေဆက်ခံမယ့် သားသမီးသာ မရှိခဲ့ရင် Figure 9 က အနှေးနဲ့ အမြန်ဆိုသလို ရွှေယမင်းပိုင် မဟုတ်ရင် သူ့ရဲ့ သားသမီးတွေ လက်ထဲရောက်သွားမည်သာ။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]حيث تعيش القصص. اكتشف الآن