Square Root Band အဖြစ် ပွဲဦးမထွက်ခင်က သုခေတ်ရဲ့ လျှန်းညီအပေါ်အမြင်က သိပ်မကောင်းခဲ့ပါဘူး။
လျှန်းညီကလွဲရင် ကျန်တဲ့ လေးယောက်က အတူတူလေ့ကျင့်ခဲ့တာဖြစ်ပြီး လျှန်းညီက သူတို့နဲ့ အတူလေ့ကျင့်ချိန် ၃ လထက်မပိုဘဲနဲ့ တစ်ဖွဲ့တည်း ပွဲဦးထွက်ဖို့ ဖြစ်လာခဲ့တာ။
သူတို့နဲ့ စာချုပ်ချုပ်မယ့် D&D Company က သုခေတ် မိဘတွေရဲ့ company မဟုတ်တာမို့ လျှန်းညီနဲ့ ပတ်သတ်ပြီး သုခေတ် ဂဃနဏမသိခဲ့တာ အမှန်။
လျှန်းညီက ဒီတိုင်း cover song တွေဆိုတဲ့ Youtuber တစ်ယောက်ပဲလေ။
ဒီလိုလူမျိုးက သူတို့လို သေချာလေ့ကျင့်ထားတဲ့ လူတွေနဲ့ မအပ်စပ်ဘူးလို့ တွေးခဲ့သည်။
အတူတူ အလုပ်လုပ်တာကြာလာတော့မှ ဒီကောင်လေးရဲ့ ဂီတ ပါရမီက တော်တော်လေး ကောင်းတယ်ဆိုတာ သုခေတ် သိလိုက်ရတယ်။ အထူးသဖြင့် instrument တွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ တစ်ခါနှစ်ခါကြည့်ရုံနဲ့ နားလည်သွားတာမျိုး။
သေချာတာက လျှန်းညီက piano အခြေခံမရှိဘူး။
ဒါပေမယ့် သုံးရက်လောက် ဇွဲခန့်ကို တီးတာ ကြည့်နေရုံနဲ့ သီချင်းအချို့ကို တီးခတ်နိုင်နေပြီ။
အဲ့အချိန်တုန်းက လျှန်းညီ ၁၆ နှစ်ပဲ ရှိသေးတယ်။
Square Root Band ထွက်ပေါ်လာပြီး တစ်နှစ်အတွင်းမှာပဲ လျှန်းညီက အဖွဲ့ထဲမှာတင်မက ပရိတ်သတ်တွေရဲ့ အချစ်ခံလေးဖြစ်လာတယ်။
အငယ်ဆုံးလေးဖြစ်တဲ့ အပြင် အဖွဲ့ထဲမှာ ကျိုးနွံ့တဲ့ သူ့ပုံစံလေးကြောင့် အကုန်လုံးက 'ညီညီ' ဆိုပြီး ပါးစပ်က မချကြဘူး။
နဂိုကတည်းက Youtuber တစ်ယောက်ဖြစ်တဲ့ လျှန်းညီဟာ ပရိတ်သတ် ဘာလိုချင်လည်းဆိုတာ အမြဲ analysis လုပ်တတ်တဲ့ အကျင့်ရှိတယ်။ ကုမ္ပဏိကလည်း သူ့ Youtube channel ကို ဆက် run ဖို့ ခွင့်ပြုထားတယ်။
အကုန်လုံးက ဒီကလေးက ရှေ့လျှောက် ပိုမိုတောက်ပတဲ့ ကြယ်ပွင့်လေးဖြစ်လာမယ်လို့ မျှော်လင့်ထားကြသည်။
ဒါပေမယ့်လည်း အနှောက်အယှက်က ပေါ်လာခဲ့တယ်။ အဲ့လူက လျှန်းညီရဲ့ ရည်းစား 'မျိုးသီဟနိုင်' ပဲ။ သူက D&D ကုမ္ပဏီက မဟုတ်ဘူး။ သူတို့ company က ဒါရိုက်တာ board အဖွဲ့ဝင်တွေနဲ့ ရင်းနှီးတဲ့ အပြင်လူဖြစ်တယ်။
ESTÁS LEYENDO
အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]
![အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]](https://img.wattpad.com/cover/331975493-64-k738340.jpg)