အချိန်က ညနေ ၅ နာရီခွဲ...
ဘုန်းမြတ်ဖြိုး အိမ်ပြန်ရောက်ရောက်ချင်း ဝယ်လာတဲ့ ဟင်းချက်စရာတွေကို ရေခဲသေတ္တာထဲမှာ စနစ်တကျ သိမ်းဆည်းနေသည်။
သုခေတ်က အပြင်မှာ ညစာစားမယ် လို့ပြောထားပေမယ့် ဒီနေ့ အလုပ်ဆင်းချိန်စောလို့ ဈေးဝင်ခဲ့ခြင်းပင်။ များသောအားဖြင့် သုခေတ်က ဈေးထွက်ဝယ်ဖို့ အဆင်မပြေဘူးလေ။
ဒါတောင် ခဏခဏ ကွန်ဒိုနားက Supermarket ထဲဝင်မွှေနေလို့ သတင်းတွေတက်လာရင် သူ့မိဘတွေဆီက အငေါက်ခံရသေးသည်။ဒါပေမယ့်လည်း သုခေတ်က ထွက်ဝယ်ဆဲပါပဲ။ Mask တပ် ဦးထုပ်ဆောင်းပြီးတော့ပေါ့။
ဘေးနား ပတ်ဝန်းကျင်က လူတွေက အေးအေးချမ်းချမ်း နေကြသူများသာဖြစ်သည်။ သူတို့အလုပ်နဲ့ သူတို့ ဘာသိဘာသာနေပြီး အချင်းချင်း အဆက်အဆံမရှိကြတာမို့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို စိတ်မဝင်စားကြပေ။
ဆယ်ကျော်သက်အရွယ်ကတည်းက တစ်ယောက်တည်း နေခဲ့တာမလို့ ကိုယ်တိုင် ချက်ပြုတ်ရတာက ဘုန်းမြတ်ဖြိုးအတွက် မခဲယဉ်းဘူး။
အရသာရှိရှိ စားပေးမယ့် သုခေတ်နဲ့ တွေ့ပြီးနောက်ပိုင်း ချက်ပြုတ်တာက ဘုန်းမြတ်ဖြိုးရဲ့ ဝါသနာတစ်ခုလိုဖြစ်နေပြီ။အားလပ်ရက်တွေကျရင် ဘုန်းမြတ်ဖြိုးက ချက်ပြုတ်ပြီး အစားအစာတွေကို လှလှပပလေး ပြင်ဆင်ပြီးတော့ ပုံတွေကို သူ့ social media မှာ တင်လေ့ရှိတယ်။ သူ social media အသုံးနည်းပေမယ့် အမှတ်တရ ဖြစ်စေတဲ့ အရာလေးတွေဆိုရင် သိမ်းထားဖို့ သူ့ facebook account လေးကို အသုံးချတယ်။ memory ပြန်တက်လာတဲ့ အချိန်ဆို သုခေတ်ကို ပြကာ အရင်အကြောင်းတွေနဲ့ ဆက်စပ်ပြီး အစပြန်ဖော်ရတာကို သဘောကျသည်။
ဥပမာ သူနဲ့ သုခေတ်နဲ့ အတူတူ စိုက်ထားတဲ့ အပင်လေး အရွက်သစ်တွေ ထွက်တဲ့ပုံပဲ ဖြစ်ဖြစ်။ အတူတူ သွားခဲ့တဲ့ ခရီးစဉ်က ပုံတွေပဲ ဖြစ်ဖြစ်ပေါ့။ များသောအားဖြင့် သူရဲ့ တစ်ယောက်တည်းပုံတွေက သုခေတ်ရိုက်ပေးပြီး retouch လုပ်ပေးထားတာချည်းပဲ။
ဆယ်ကျော်သက်အရွယ်တုန်းက ဘုန်းမြတ်ဖြိုး စိတ်ကူးယဉ်ခဲ့ဖူးတယ်။ တစ်နေ့ကျရင် သူနဲ့ တူတူ မီးဖိုချောင်ဝင်ပေးမယ့်သူ ဒါမှ မဟုတ် သူချက်ထားတာတွေကို အရသာရှိရှိစားပေးမယ့် မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပြီး ဘဝကို ရိုးရိုးရှင်းရှင်း နေထိုင်သွားမယ်လို့လေ။
![](https://img.wattpad.com/cover/331975493-288-k738340.jpg)
YOU ARE READING
အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]