မြတ်မင်းခမှာ ဘုန်းမြတ်ဖြိုးဆီက ခွင့်ပြုချက်ရသွားလို့ လေထဲမြောက်မတက် ပျော်နေတယ်။
'အဲ့တော့ သူတို့သားအဖနှစ်ယောက်တည်း သွားပျော်မယ်ဆိုတဲ့ သဘောလား'
သုခေတ် စိတ်ထဲမှာ မသိမသာလေး အူတိုသွားတယ်။
သုခေတ် ဖုန်းဖွင့်ပြီး gallery ထဲကို ဝင်လိုက်တယ်။ နေ့လည်က ကားရပ်ခဲ့တဲ့ သစ်တောလမ်းလေးက မျက်စိ ပသာဒဖြစ်တာကြောင့် ဓာတ်ပုံရိုက်ထားမိခဲ့တယ်။
ငွေရောင်လမ်းကျဉ်းကျဉ်းလေးရယ် သစ်ပင်စိမ်းစိမ်းနဲ့ ကောင်ကင်ပြာပေါ်မှာ ဝါဝွမ်းလို တိမ်စိုင်ဖြူတွေက နေရာယူထားတယ်။
သူရဲ့ social media မှာ အဲ့ပုံကို [သစ်ပင်တွေက ပိုကြီးလာပြီ ကျောင်းတက်တုန်းက အပင်တွေ ဒီလောက်မများသေးသလိုပဲ] ဆိုတဲ့ စာနဲ့တွဲတင်လိုက်တယ်။
မိနစ်ပိုင်းအတွင်းမှာပဲ comment တွေတက်လာသည်။
| Y တက္ကသိုလ်နားကလမ်းမလား အဲ့နားက အရမ်းလှတာ|
|တိုက်ဆိုင်လိုက်တာ ငါ ဓာတ်ဖမ်းနေကျနေရာလေး|
|သုခေတ်က Y တက္ကသိုလ်ကို ဘာသွားလုပ်တာလဲ?|
Reply: သူက အဲ့က ကျောင်းသားဟောင်းပဲလေ
Reply: ဟုတ်လား သူ့ကို အနုပညာကျောင်းထွက် မှတ်နေတာ
|ကိုကိုရေ! ဘာလို့ ကျောင်းဝင်းထဲမဝင်ခဲ့တာလဲလို့|
|ဘယ်နေ့က လာသွားတာလဲ ငါ ဘာလို့ မသိလိုက်တာလဲ အား! အားးး ကိုယ့်ကျောင်းနားကို လာတာကို လွတ်သွားရတယ်လို့ |
|စိတ်ထိန်းကြပါ sis တို့ ကိုကိုက ဒို့ကို ကျောင်းလာကြိုတာပါ |
|ငါတို့ကျောင်းကို ဒီချိန်လာတယ်ဆိုတော့ Farewell ပွဲအတွက်လား မသိဘူး ဟဲ့ရေ သမဂ္ဂကို မေးကြည့်ကြပါဦး|
Reply: သမဂ္ဂကလူတွေက ဘယ်တုန်းက spoiler ပေးဖူးလို့လဲ ဓားနဲ့ထောက်မေးတောင် ပြောမှာ မဟုတ်ဘူး
Reply: တကယ်သာ လာပေးရင် သိပ်ကောင်းမှာပဲ
Reply: ဆုတောင်းလေ အရင်နှစ်တွေက တောင် မလာတာ ဒီနှစ်လည်း လာမှာမဟုတ်ဘူး
Reply: မှားတယ် အရင်နှစ်တွေတုန်းက မလာလို့ ဒီနှစ်လာမှာလို့ပြော
သုခေတ် post တင်ပြီး နာရီပိုင်းအတွင်းမှာပဲ Y တက္ကသိုလ်ရဲ့ ကျောင်းသား သမဂ္ဂအတွင်းရေးမှူး ဖုန်းမှာ ရာနဲ့ ချီတဲ့ message တွေ ဝင်လာဝယ်။
VOCÊ ESTÁ LENDO
အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]
![အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]](https://img.wattpad.com/cover/331975493-64-k738340.jpg)