မီးပွိုင့်မိနေတုန်း ရေဒီယိုလိုင်းတစ်ခုပြီးတစ်ခုပြောင်းနေတဲ့ ဘုန်းမြတ်ဖြိုးရဲ့ လက်က ရင်းနှီးတဲ့ နာမည်တစ်ခုကြောင့် ရပ်တန့်သွားသည်။
°အဲ့တော့ ညီမက သုခေတ်ရဲ့ ပရိတ်သတ်ပေါ့ °
°ဒါပေါ့ အစ်မရဲ့ အခုလည်း သုခေတ်ရဲ့ နောက်ဆုံးအကြိမ်ထွက်ရှိထားတဲ့ 'to my universe ' လို့ အမည်ရတဲ့ သီချင်းလေးကို နောက်ဆုံးအနေနဲ့ ဖွင့်ပြပြီး နှုတ်ဆက်လိုက်ရအောင်နော် သောတရှင်တို့ရှင် Youth's choice အစီအစဉ်ကို အပတ်စဉ် အင်္ဂါနဲ့ ကြာသာပတေးနေ့တိုင်း Alpha17 FM ကနေ စောင့်မျှော် နားဆင်ပေးဖို့ ပြောကြားရင်း နှုတ်ဆက်လိုက်ပါတယ်ရှင့် သာယာတဲ့ နေ့လေးကိုပိုင်ဆိုင်ကြပါစေ°
BJ မိန်းကလေး နှစ်ယောက်ရဲ့ စကားအဆုံးမှာ သူ ဘယ်တော့မှ နားထောင်မဝတဲ့ အသံက ကားထဲမှာ ပျံ့လွင့်လာတယ်။ စိတ်မရှည်ချင်းစရာကောင်းတဲ့ မျက်စိရှေ့က ယာဉ်တန်းရှည်ကြီးကော၊ အနီရောင် အချက်ပြမီးကိုရော သီချင်းတစ်ပုဒ်နဲ့တင် ဘုန်းမြတ်ဖြိုး လျစ်လျှူရှုလိုက်နိုင်တယ်...
ဘုန်းမြတ်ဖြိုးတစ်ယောက်တည်း ပြုံးနေမိပြန်သည်။
ဒီနေ့ သုခေတ် photoshooting ရှိတာကြောင့် မြတ်မင်းခကို ကြိုဖို့က အရမ်းနောက်ကျနေပြီ။
မြတ်မင်းခကို ကြိုပို့လုပ်နေကျ ဒါရိုက်ဘာဦးလေးကြီးကလည်း လူကြိုစရာရှိလို့ အဝေးပြေး ကားဂိတ်ကို သွားနေရတာကြောင့် မူကြို ကြိုဖို့တာဝန်က ဘုန်းမြတ်ဖြိုးဆီကိုရောက်လာခဲ့သည်။
မူကြိုရောက်တော့ မြတ်မင်းခနဲ့ အခြား ကလေး နှစ်ယောက်သုံးယောက်လောက်ပဲကျန်တော့တယ်။
"ကျွန်တော်က မြတ်မင်းခကို လာကြိုတာပါ အားနာလိုက်တာဗျာ ကားက အတော်ပိတ်နေလို့ နောက်ကျသွားတယ် "
မူကြိုကို သုခေတ် ဖုန်းကြိုဆက်ထားတာကြောင့် ဆရာမတွေက အခြားသူလာကြိုမှာကို သိပြီးသားဖြစ်သည်။
ဒါနဲ့ လာကြိုတဲ့လူက ဘာလို့ ဒီလောက်ကြည့်ကောင်းနေရတာလဲ။ မူကြိုကို လာကြိုသမျှထဲမှာ ဒီလို ကြည့်လို့ကောင်းတဲ့လူ တစ်ခါမှ မမြင်ဖူးဘူး။
မြတ်မင်းခကို အရင်လာကြိုနေကျ mask တပ်ထားတဲ့ လူကတော့ မျက်နှာ မမြင်ရပေမယ့် ကိုယ်လုံးကိုယ်ပေါက်၊ ကိုယ်နေဟန်ထားနဲ့ ဝတ်ထားတဲ့ အင်္ကျီအဝတ်အစားတွေက အတော်လေး fashion ကျပြီး celebrity တစ်ယောက်လိုမျိုး ခံစားချက်ရတယ်။
BẠN ĐANG ĐỌC
အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]
![အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]](https://img.wattpad.com/cover/331975493-64-k738340.jpg)