(၂၇)

3.4K 258 1
                                        

ယမုံက သူ့ အစ်မအတွက် အကျိုးဆောင်ဆိုတဲ့ မိန်းမကို သွားရှာကာ ဖြေရှင်းချက်တောင်းသည်။

"ဗိုက်တစ်လုံးနဲ့ နင့် အစ်မကို ငါက စောင့်ရှောက်ထားရတာလေ ပြီးတော့ နင့် အကြွေးတွေ အတွက်လည်း ပိုက်ဆံထုတ်ပေးလိုက်ရတာ ငါပါဟဲ့ ကျေးဇူးမတင်ချင်နေ မစော်ကားနဲ့ နင့် အစ်မကို ကားနဲ့ တိုက်သွားတဲ့ လူကို သွားအပြစ်တင် နင်တို့ ကြားက ရှုပ်ရှုပ်ရှက်ရှက် ကိစ္စတွေ ငါ့လာဆွဲ မထည့်နဲ့ "

"ဟုတ်တယ် နင်တို့ ညီအစ်မ ဒုက္ခရောက်နေလို့ ဒီ အန်တီက ကူညီထားတာ ကားတိုက်တာကလည်း နင့် အစ်မ အချိန်မတော် လမ်းထွက်နေလို့လေ မဆိုင်တဲ့လူကို လာ အပြစ်တင်နေတယ် အံ့ဩပါရဲ့ "ထို မိန်းမရဲ့ အိမ်မှာနေတဲ့ ကျေးဇူးခံ ကျေးဇူးစား အချို့ကပါ ယမုံ့အား ပြောဆိုပြီး နှင်ထုတ်ကြသည်။

ဘယ်လောက်ပဲ မကျေမနပ်ဖြစ်ပါစေ ထိုမိန်းမက ရတီသေဆုံးတာ သူမနဲ့ မဆိုင်ကြောင်းသာ ထပ်တလဲလဲ ငြင်းဆိုသည်။

ယမုံအတွက် Lia ကို တရားရုံးမှာ တွေ့လိုက်ရတာက မျှော်လင့်ချက် လမ်းစတစ်ခုလိုပင်။

Lia နဲ့ Christine တို့ တရားရုံးရဲ့ ထွက်ပေါက်တောင် မရောက်သေးဘူး။ Christine ရဲ့ စီနီယာက ဖုန်းဆက်သည်။
"ကလေးလေးကို အခုပဲ ဆေးရုံက ခေါ်သွားပြီ"

"ဘယ်လို ? ရတီ့ရဲ့ အဒေါ်ဆိုတဲ့ မိန်းမပဲလား "

"အင်း သူပဲ ဆေးရုံဆင်း လို့ရပြီဆိုတာနဲ့ လာခေါ်သွားတာ "

Lia သက်ပြင်းချသည်။

"အဲ့ မိန်းမက ကလေးနဲ့ ဘာမှ မတော်ဘူး ကျွန်မ အခု ရတီ့ရဲ့ ညီမကို ခေါ်ပြီးလာခဲ့မယ် "

တစ်ဖက်ကလူရဲ့ စကားကိုတောင် မစောင့်ဘဲ Lia ယမုံ့ကို ဆေးရုံကိုခေါ်လာခဲ့သည်။

Christine ရဲ့ စီနီယာက သူတို့ကိုမြင်တော့ အံ့အားသင့်နေတယ်။

"သူက ကလေးရဲ့ အဒေါ်အရင်း "

ပြောနေစရာမလိုလဲ သိသာသည်။ ယမုံရဲ့ မျက်နှာက ရတီနဲ့ တစ်ပုံစံတည်း။

"အခု ကျွန်မ ဘယ်လိုကူညီရမလဲ ဒီက မိသားစုဝင် အစစ်က စောစောကြိုရောက်လာခဲ့သင့်တာ "

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Onde histórias criam vida. Descubra agora