(၁၆)

3.7K 306 2
                                        

မနေ့က ၉ ယောက်မြောက် ရည်းစားနဲ့ ပူပူနွေးနွေး လမ်းခွဲထားတဲ့ ရှယ်လီမှာနှလုံးသားက အယ်ကိုဟောကို  တောင့်တ‌နေခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ လျှန်းညီလည်း ကုန်တိုက်တစ်ခုကိုသွားရင်း ရှယ်လီနဲ့ အမှတ်မထင်ဆုံဖြစ်သွားတယ်။

"ညီညီလေး ငါနဲ့ အတူတူသောက်မယ်လို့ ကတိပေးထားတယ်မလား? ဒီနေ့ရော? ဘယ်လိုလဲ? အချိန်ရလား ? "

"ကျွန်တော်က အဆင်ပြေပါတယ် ကိုသုကတော့ ဒီနေ့ တစ်နေကုန် မအားလောက်ဘူး..."

"အိုး သူ့ကို ထားလိုက်စမ်းပါ ဒီမှာ ရည်းစားနဲ့ ပြတ်တာ မကြာသေးပါဘူးဆိုမှ သူ့ယောက်ျားအကြောင်း ဂုဏ်ဆာတာတွေ နားမထောင်နိုင်ဘူး "

စိတ်အားထက်သန်လွန်းနေတဲ့ ရှယ်လီကြောင့် လျှန်းညီ အတူသောက်ဖို့ သဘောတူလိုက်သည်။

ရှယ်လီ သွားနေကျ bar က လူငယ်လေးတွေ သဘောကျတဲ့ ခေတ်ဆန်ဆန် အတွင်းပိုင်းပြင်ဆင်မှုကို အသားပေးထားတာဖြစ်တယ်။
အမူးသောက်မယ့် လူတွေ ဟိုဟိုဒီဒီ ဇယားရှုပ်ဖို့ ရည်ရွယ်ချက်ရှိတဲ့ လူတွေ အတွက်မဟုတ်ဘဲနဲ့‌ ကော့တေးခွက်လှလှလေးကိုင်ပြီး ဓာတ်ဖမ်းချင်တဲ့ လူတွေ အတွက်ပိုပြီးသင့်တော်တယ်။

လျှန်းညီက ပုံမှန်ဆို ဒီလိုနေရာတွေကို မလာဖြစ်ဘူး။ သူ့အတွက် သက်တောင့် သက်သာရှိပြီး အဆင်အပြေဆုံးနေရာက မိုးသက်စျာန်ရဲ့ bar ပဲ။

"ဒီမှာ ထိုင်ဦး အစ်မ သူငယ်ချင်းနဲ့ စကားသွားပြောလိုက်ဦးမယ် "

ရှယ်လီက မိနစ်အနည်းငယ်လောက် ပျောက်သွားပြီး အမျိုးသမီးတစ်ယောက်နဲ့ အတူ ပြန်ပေါ်လာတယ်။ သူ‌မပြောပြချက်အရ ဒီ bar မှာ သူ့ရဲ့ ရှယ်ယာလည်းပါတယ်။ ဆိုင်ရှင်ကလည်း သူ့ရဲ့ ကျောင်းတုန်းက အခင်ဆုံးသူငယ်ချင်းဖြစ်တယ်ဆိုတာရောပေါ့။

လျှန်းညီက နားထောင်သူသာ ဖြစ်နေပြီး ရှယ်လီပြောတဲ့ ရောက်တက်ရာရာအကြောင်းအရာတွေကို နားထောင်ပေးနေခဲ့တယ်။

ရှယ်လီက စကားပြောကောင်းတဲ့သူ‌တစ်ယောက်ဖြစ်တယ်။ သူ့ရည်းစားဟောင်းတွေ အကြောင်းပြောတာတောင် တစ်ဖက်က နားထောင်တဲ့သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ စိတ်ညစ်စရာအကြောင်း အရာတွေကို ရယ်မောစရာအဖြစ် အသွင်ပြောင်းလိုက်တယ်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Nơi câu chuyện tồn tại. Hãy khám phá bây giờ