(၂၄)

3K 247 0
                                    

"Lia သောက်လေ ဘာလဲ ဒီနေရာက အဆင်မပြေလို့လား "

သူငယ်ချင်းတစ်ယောက်က ပြောမှ Lia ရဲ့ အတွေးဆတို့ ရပ်တန့်သွားသည်။

"ဟမ်...အဆင်ပြေပါတယ် "

တက္ကသိုလ်က အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲကို ဒီလို bar မှာ လုပ်ဖို့ ဘယ်သူက idea ရခဲ့လဲ မသိပါ။

ဘီယာခွက်တိုက်သံ တခွပ်ခွပ်ကြားမှာ Lia ဟိုဟိုဒီဒီ ငေးနေသည်။ အတန်းဖော်တွေက အိမ်ထောင်ရေး အလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာမျိုးစုံကို ပြောဆိုနေသော်လည်း Lia ကတော့ အရင်တုန်းကလိုပဲ ‌နားထောင်သူသာ။

"နင့် အမေရော သက်သာရဲ့လား " သူမရဲ့ အခင်ဆုံး ကျောင်းနေဖက်သူငယ်ချင်းက မေးလာခြင်းဖြစ်သည်။
Lia ၏ မိခင်သည် အဆုတ်ကင်ဆာရောဂါသည်ဖြစ်ကာ နာတာရှည် ဝေဒနာခံစားနေရသည်က Lia တက္ကသိုလ်ကျောင်းသူ ဘဝကတည်းကပင်။

သူမသည် သိုသိုဝှက်ဝှက်နေတတ်သူဖြစ်တာကြောင့် သူမ မိခင်ရောဂါနဲ့ ပတ်သတ်ပြီး သိသည့်လူက အနည်းအကျဉ်းသာရှိသည်။

"သက်သာတာတော့ မရှိဘူးပေါ့ အခုတော့ အိမ်မှာ စိတ်မချလို့ ဆေးရုံမှာပဲ လူနာစောင့်နဲ့ ထားထားတယ် ငါ အခု အလုပ်လုပ်နေတဲ့ ဆေးရုံမှာပဲလေ "

"ဟဲ့ ဈေးအရမ်းကြီးတာကို ဆေးဖိုးနဲ့ နင့် လစာက သုံးဖို့ရော ကျန်ရဲ့လား "

Lia က ရယ်သည်။

"ငါ အခု အလုပ်လုပ်နေတဲ့ ဌာနက လစာကောင်းပါတယ်ဟ အိမ်ဖိုးနဲ့ ကားဖိုး ကြေရင် ပိုတဲ့ ပိုက်ဆံစုပြီး အိမ်ထောင်ပြုလို့ရပြီ "

"အံမယ် ရည်းစားတောင်မရဘဲနဲ့ အိမ်ထောင်ပြုဖို့ကို အရင်တွေးနေတယ် ဘာပဲပြောပြော အလုပ်အကိုင် အဆင်ပြေနေတာပဲ တော်တော်ဟုတ်နေပါပြီ "

အလုပ်အကြောင်းပြောမှပဲ ဟိုနေ့က မိန်းမအကြောင်း ပြန်တွေးမိပြန်သည်။

အဲ့နေ့က ပြန်သွားတဲ့နောက်ပိုင်း ကလေးလိုချင်တဲ့ ဘက်ကလည်း ဆက်သွယ်မလာခဲ့သလို ထို မိန်းကလေးကလည်း ဆေးရုံမှာ ပေါ်မလာတော့ပေ။

သူမသည် အလုပ်ကိစ္စများနှင့် လုံးပန်းနေသည့် ကြားထဲမှပင် မကြာခဏဆိုသလို ထို အမျိုးသမီးအား တွေးမိနေသည်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]حيث تعيش القصص. اكتشف الآن