(၁၂)

3.9K 352 7
                                        

သီချင်း အယ်လ်ဘမ်မှာ ရုတ်တရတ် သီချင်းအသစ်တစ်ပုဒ် ထပ်တိုးဖို့ ဖြစ်လာတာကြောင့် သုခေတ် အရင်ကထက်ပိုပြီး အလုပ်ရှုပ်နေသည်။

ဒီကြားထဲ အဘွားနေမကောင်းတာကြောင့် သူ့ အလုပ်တွေကို ပစ်ထားတာ အ‌နည်းငယ်ကြာသွားတယ်။

Promotion အတွက် ဘယ် ရုပ်သံ အစီအစဉ်မှာမှ မပါဝင်နိုင်တဲ့ သုခေတ်လိုလူမျိုးအတွက် ကုမ္ပဏီက marketing team ပို အလုပ်ရှုပ်ရတာဖြစ်သည်။

သုခေတ်ရဲ့ အဆောတလျှင်နိုင်မှုကြောင့် လျှန်းညီ Featuring အနေနဲ့ ပါဝင်ထားတဲ့ သီချင်းတစ်ပုဒ်ကိုပါ အမြန် အသံသွင်းရတော့သည်။

လျှန်းညီနဲ့ သုခေတ် အခုလို အလုပ်တူတူမလုပ်ရတာ ကြာပြီဖြစ်တာမလို့ result အတွက် စိတ်လှုပ်ရှားမိတာတော့ အမှန်ပင်။

Group chat ထဲက အဖွဲ့ဝင်ဟောင်းတွေမှာလည်း လျှန်းညီကို အားပေးကြတယ်။
သူတို့က သုခေတ်နဲ့ လျှန်းညီ အတူတူ အလုပ်တွဲလုပ်တာကို အတော်လေး အားရနေကြတယ်။

မိုးကြီး : ဒီလို ဖြစ်သင့်နေတာကြာပြီ ဒါနဲ့ သုခေတ်က သူ့အတွက် ပိုက်ဆံရှာပေးမယ့်သူကို ကောင်းကောင်းရွေးတတ်တာပဲ

ငသု : ငါက ပိုက်ဆံမျက်နှာ ကြည့်တဲ့ရုပ်ပေါက်နေလို့လား

မိုးကြီး : အဲ့ဒါဆို ဘာလို့ ငါ့ကို ဘာလို့ မဆိုခိုင်လဲ

ငသု : မင်းဘာသာမင်း မယက လုပ်နေပြီးတော့ ခေါ်တော့ရော လာမှာမလို့လား

ဥဥ: အခုတောင် ကောင်မလေး shopping ထွက်တာကို အထုပ်လိုက်ဆွဲပေးရင်း type နေတာမလား

မိုးကြီးက ပုံတစ်ပုံ ပို့လာတယ်။ အဝတ်အစားထုပ် တွေကိုင်ထားတဲ့ သူ့လက်တစ်ဖက်က သူ တကယ် Shopping Mall တစ်ခုကို ရောက်နေကြောင်း သက်သေထူနေ၏။

မိုးကြီး : @ဥဥ မင်းလို FA ကောင်လိုတော့ ‌လေလွင့်နေမှာမဟုတ်ဘူး

ဥဥ : ရည်းစားမရှိတာ နှိမ်စရာမဟုတ်ဘူး ဘဲကြီး နောက်မှ မင်းတို့ ဘဝက သာယာလိုက်တာကွာဆိုပြီး လာမညည်းနဲ့ မသနားဘူး

အဖွဲ့ထဲမှာ စကားအများဆုံးထိုနှစ်ယောက်က ထုံးစံအတိုင်း ဆူညံနေကြတယ်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Donde viven las historias. Descúbrelo ahora