သူ့ စာအရှည်ကြီးကို ပထမဆုံး မှတ်ချက်ပေးလာသူကတော့ လိုင်းပေါ်မှာ သုခေတ်ကို အမိအရစောင့်နေသည့် သူ့ရဲ့ official fanclub ဖြစ်သည်။
'အစ်ကို ပျော်ရွှင်တယ်ဆို ရပြီ personal life လေးက အေးချမ်းပြီး partner က နားလည်မှု အပြည့်အဝပေးနိုင်တယ်ဆိုတာ သိလိုက်ပြီမလို့ ကျန်တာ ဘာမှ မလိုတော့ဘူး come out လုပ်ဖို့အတွက် အစ်ကို့ကို တွေဝေစေတာက ဘာပဲဖြစ်ဖြစ် အစ်ကို့ဘက်မှာ ရပ်တည်ပေးမယ့် fan တွေရှိတယ်ဆိုတဲ့ ယုံကြည်မှုကို မပေးနိုင်ခဲ့တဲ့ ကိုယ်တွေကြောင့်လည်း ပါတာမလို့ အပြစ်မတင်တော့ဘူးနော် အရင်နှစ်တွေက လစ်ဟင်းခဲ့တာတွေအတွက် ရှေ့လျှောက် အများကြီး support ပေးသွားပါ့မယ် ♥️ '
အဲ့နောက်မှာတော့ react အများဆုံးရတဲ့ comment တွေက...
'ကျမလည်း ဘာမှ မပြောတော့ဘူးနော် ဆရာကတော်ရေ '
'ဒီကလေးအဖေကို ဆူချင်ပေမယ့် မနက်ဖြန် သူ့ယောက်ျား စစ်မယ့် tutorial အတွက် စာမရသေးဘူး ㅜㅜ'
ထို post ကို မြင်တော့ ရှယ်လီလည်း မနေနိုင်စွာ ဝင်ရေးမိသည်။
'ဒါကြီးက တောင်းပန်စာလား ခံဝန်လား လင်ချစ်ကြောင်း ဋိကာလား '
ရှယ်လီရဲ့ comment အောက်မှာ Square Root တစ်ဖွဲ့လုံးအပြင် အခြား ရင်းနှီးတဲ့သူတွေကပါ ဝင်ပြီး ခွိတော့သည်။
Aggr Oo : စာအရှည်ကြီး ဖတ်လိုက်ပေမယ့် ရည်းစားလိုချင်သွားတာကလွဲရင် ဘာမှ မခံစားလိုက်ရဘူး
Moe Thet Zann : ပေးချင်တဲ့ message က ဘာလဲ ?
Zwe Khant Ko : @Moe Thet Zann သူအရမ်း အချစ်ခံရပြီးတော့ တစ်လောကလုံးကို မေ့၊ နှစ်ယောက်တည်း တစ်ကမ္ဘာဖြစ်နေမိလို့ ယောက်ျားယူထားတဲ့ အကြောင်းကို အခုမှ လူသိရှင်ကြားထုတ်ပြောရတာတဲ့
လျှန်းညီက သူတို့ အားလုံးရဲ့ comment တွေကို haha တန်းစီပေးသွားတယ်။
သူတို့ မသိလိုက်တာက post ပိုင်ရှင်သည်လည်း သူ့ ယောက်ျား ရင်ခွင်ထဲကနေ သူတို့ မှတ်ချက်တွေကို ဖတ်ပြီး အူလိမ့်အောင် ရယ်နေတယ်ဆိုတာကိုပင်။
_____
တနင်္ဂနွေနေ့...
မြတ်မင်းခက အဖိုးအဖွားတွေ အိမ်ကိုသွားတဲ့ လမ်းတစ်လျှောက်လုံးကို အလွတ်ရနေပြီ။ ကားပေါ်မှာထိုင်နေရင်းတောင် လက်ညှိုး တထိုးထိုးနဲ့ ဘယ်ကွေ့ ညာကွေ့ဆိုတာကို အမှားအယွင်းမရှိပြောနိုင်သည်။
YOU ARE READING
အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]
![အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]](https://img.wattpad.com/cover/331975493-64-k738340.jpg)