မျိုးသီဟနိုင်က သူ့ကို တမင်ပြဿနာရှာတာ ဖြစ်ပါစေဦး။ ဤနည်းလမ်းက အင်မတန်ကို ကလေးဆန်ကာ လုံးဝ အထင်ကြီးစရာမရှိပေ။
စဉ်းစားကြည့်ရုံနဲ့တင် သုခေတ် ရယ်ချင်လာသည်။
မျိုးသီဟနိုင်ဟာ သုခေတ်က သူ့ရဲ့ အိမ်ထောင်ရေးကို တသက်လုံး လူသိရှင်ကြားထုတ်ဖော်လိမ့်မည် မဟုတ်ဟု ယုံကြည်ထားလေသလား?
သုခေတ် ပြဿနာကို မည်သည့် နည်းလမ်းသုံးပြီး ဖြေရှင်းမယ်ဆိုတာကို မျိုးသီဟနိုင်က ဂရုစိုက်မည်မဟုတ်ပေ။
ကလေးက သုခေတ်ရဲ့ ကလေး တကယ် ဟုတ်ခြင်း မဟုတ်ခြင်းအတွက်လည်း စိတ်မဝင်စား။
အဓိကသည် ကောလဟာလတွေကြောင့် သုခေတ်အပေါ် လူတွေရဲ့ အမြင် တိမ်းချော်သွားဖို့သာဖြစ်၏။ bar မှာ အထိုးခံလိုက်ရတဲ့ ကိစ္စကြောင့် ဒီလောက်ထိ အားစိုက်ပြီး သူ့ကို ဒုက္ခရောက်အောင်လုပ်လိမ့်မယ်လို့ သုခေတ် မတွေးမိခဲ့ပေ။ဒေါ်မေသူနှင်းသည် မနက်အစောကြီးကတည်းက အလုပ်ကို ထွက်သွားနှင့်ပြီးဖြစ်သည်။
ပြဿနာတွေ ဖြေရှင်းလို့ မပြီးမချင်း အလုပ်ကို မသွားရမယ့် အတူတူ ညနေကျရင် ကိုယ့်အိမ်မှာပဲ ကိုယ်ပြန်နေဖို့ သုခေတ်ဆုံးဖြတ်ထား၏။
ဒီလို အခြေအနေမှာ မိဘတွေ အိမ်က သုခေတ်ကို စိတ်သက်သောင့်သက်သာ မဖြစ်စေနိုင်ပေ။ ပြီးတော့ မနေ့ညက ဘုန်းမြတ်ဖြိုးကို ဒီနေ့တွေ့ပြီး အကြောင်းစုံပြောပြမယ်လို့ ပြောထားသေးသည်။
မစုနွယ်က မြတ်မင်းခကို ကြည့်ရှုစောင့်ရှောက်ဖို့ ထွက်သွားနှင့်ပြီဖြစ်သည်။ ဒီအချိန်က ဘုန်းမြတ်ဖြိုး၏ အလုပ်ချိန်ဖြစ်တာကြောင့် အိမ်မှာ မြတ်မင်းခနဲ့ မစုနွယ်သာရှိလိမ့်မည်။
လက်ထဲမှာ ကားသော့ကိုဆွဲ၍ အပေါ်ထပ်ကနေဆင်းလာတဲ့ သုခေတ်သည် ဧည့်ခန်းတွင် ဒေါ်မာလာနှင်းနဲ့ တိုးလေသည်။
"ဘယ်သွားမလို့လဲ ?"
"ကျွန်တော် အိမ်ပြန်မလို့ ကြီးကြီး "
"နင့်အမေက ဒီရက်ပိုင်း ဒီအိမ်မှာပဲ နေဖို့ ပြောထားတယ်မလား "
သုခေတ်ပြန်ဖြေဖို့ ပါးစပ်မဟခင်ပင် ဒေါ်မာလာနှင်းက ပိတ်ပြောသည်။
ESTÁS LEYENDO
အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]