21. Zawgyi

184 17 0
                                        

သုခေတ်ရဲ့ လက်ရှိ တွဲနေတဲ့သူဟာ အမျိုးသားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းက အခုဆို အင်တာနက်စာမျက်နှာတွေမှာ ပွက်လောရိုက်နေသည်။

သုခေတ်သည် ယခင်က ဒီလို အခြေအနေမျိုးအတွက် အများကြီးတွေးခဲ့ဖူး၏။

come out လုပ်တဲ့အခါကျရင် မီဒီယာတွေရှေ့မှာ ဘယ်လိုဖြေရှင်းရမလဲ။

လူတွေဟာ ခံယူချက်မျိုးစုံရှိတာမလို့ သူ့ရဲ့ ဖြစ်တည်မှုကို လူတိုင်း လက်ခံပေးဖို့ သုခေတ် မျှော်လင့်မထားပါ။

သူ့ရဲ့ အိမ်ထောင်ရေးကြောင့် သူ့ရဲ့ အနုပညာလမ်းကြောင်း ယိမ်းယိုင်သွားမယ်ဆိုရင်တောင် သူက ထိုအတွက် စိတ်ပူနေမှာ မဟုတ်ပေ။

သူသည် ထုတ်လုပ်သူ အဖြစ် ပြန်လည်ရပ်တည်ဖို့ လမ်းကြောင်းတစ်ခုကို တည်ဆောက်ထားပြီးသားဖြစ်သည်။

သို့သော်ငြား ပရိတ်သတ်ကို လေးစားသောအားဖြင့် ဒီကြားထဲမှာ သူ ဖုံးကွယ်ထားတဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်းထုတ်ပြောပြီး ဝန်ခံရမည်။ ပြီးရင် တောင်းပန်ရမည်။

သုခေတ်သည် မနေ့က  မိခင်ဖြစ်သူရဲ့ ဖြေရှင်းနည်းနဲ့ ပတ်သတ်ပြီး အနည်းငယ် စိတ်မသက်မသာဖြစ်နေမိသည်။

သူ့အတွက် ထိခိုက်မှု အနည်းဆုံး ဖြစ်သော်လည်း အလုံးစုံသည် စစ်မှန်မှုမရှိသလို ကုမ္ပဏီ PR team ရဲ့ ထိန်းချုပ်မှုအောက်က သူ့ ကိုယ်ပိုင် social media account တွေက ထုတ်ပြန်သည့် တောင်းပန်စာများမှာလည်း သူကိုယ်တိုင်ကို မသိလိုက်ခင်မှာပင် ပျံ့နှံ့သွားခဲ့တာဖြစ်သည်။

အကြောင်းအထွေအထူးမရှိရင် အလုပ်ရှိရင်တောင် နောက်ကျမှ အိပ်ရာထတတ်သည့် သုခေတ်သည် ယနေ့ အလုပ်သွားစရာမလို သော်လည်း အစောကြီးနိုးနေခဲ့သည်။

အရင်နေ့ကလို ဆိုင်းမဆင့်ဘုံမဆင့် အခြေအနေမျိုး နောက်တစ်ခါ ထပ်ဖြစ်လာမှာစိုးတာကြောင့် သုခေတ် ဖုန်းမပိတ်ထားရဲတော့။

ညက သူ့ကို အကျိုးအကြောင်းမေးနေသည့် Square Root ထဲက လူတွေကိုလည်း  ဘာမှ ပြန်မဖြေရသေးပေ။

အဂ္ဂါဦးရော လျှန်းညီရောက သူ့ထံ ငါးကြိမ်ထက်မနည်း ဖုန်းခေါ်ထားကာ ကျန်တဲ့ လူတွေက private message ကနေ မေးထားကြသည်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Onde histórias criam vida. Descubra agora