ဒေါ်မေသူနှင်း ဖုန်းချသွားတာနဲ့ သုခေတ် ချက်ချင်းပဲ လိုင်းပေါ်မှာ ပျံ့သတင်းတွေကို ဖတ်ကြည့်သည်။
ဒီနေ့ သူနဲ့ မြတ်မင်းခရဲ့ ပုံတွေကို အရင်က မုန့်ဆိုင်မှာ ပျံ့သွားတဲ့ က မြတ်မင်းခရဲ့ ပုံတွေနဲ့ ယှဉ်တွဲပြထားကြသည်။
အချို့တွေက ကလေးကို သူ့သားလို့ ယုံကြပေမယ့် အချို့မှာတော့ သို့လော သို့လောတွေးနေကြဆဲဖြစ်သည်။
ဒါ့အပြင် မထင်မှတ်ထားသည့် ကောလဟာလ တစ်ခုကလည်းပေါ်လာပြန်၏။
တကယ်တော့ ထို အချက်သည် ကောလဟာလမဟုတ်သည့် အမှန်တရားပင်ဖြစ်သည်။
လူတစ်ယောက်က
ဘုန်းမြတ်ဖြိုး ***university ရဲ့ farewell ပွဲမှာ မြတ်မင်းခကို ချီပြီး ထားတဲ့ ပုံကိုချပြလာသည်။
တကယ်တော့ post ပိုင်ရှင်က တမင် ခိုးရိုက်ထားတာ မဟုတ်ပေ။
သူတို့ ကျောင်းသူ ကျောင်းသားတွေ group selfie ရိုက်နေသည့် အချိန်မှာ ဘုန်းမြတ်ဖြိုးက မြတ်မင်းခကို ချီပြီး ဖြတ်သွားတာကြောင့် မတော်တဆ ပုံမှာ ပါလာခြင်းသာ။
ဘုန်းမြတ်ဖြိုးရဲ့ မျက်နှာထက် ကလေးရဲ့ မျက်နှာက ပိုထင်ရှားတယ်။ ဒါပေမယ့် Y တက္ကသိုလ်က ဘယ်သူမဆို ကလေးကို ချီထားတဲ့လူရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ပြီး ထိုလူက ဘုန်းမြတ်ဖြိုးဆိုတာကို တပ်အပ် သိနိုင်သည်။
သုခေတ်ရဲ့ နာဗ့်ကြောတစ်ခုလုံး ထုံထိုင်းသွားသည်။ သူ ခန့်မှန်းထားတာက ဒီနေ့ သူနဲ့ မြတ်မင်းခရဲ့ ပုံကိုပဲ လူတွေက အာရုံစိုက်ကြမှာလို့ပင်။
အခု ဘယ်လိုဖြစ်ပြီး ဘုန်းမြတ်ဖြိုးပါ ပါလာရတာလဲ။
သုခေတ် ဘုန်းမြတ်ဖြိုးကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။
သူဖုန်းခေါ်မှာကို စောင့် နေသလိုမျိုး တစ်ဖက်က ချက်ချင်း တန်းဖြေလာတယ်။
"အင်း...ပြော "
"ဘုန်းမြတ် မင်း မြင်ပြီးသွားပြီလား "
"မြင်ပြီးသွားပြီ အခု ကားကို ကိုယ်တိုင် မောင်းနေတာလား " ဘုန်းမြတ်ဖြိုးရဲ့ အသံက ပုံမှန် အတိုင်း အေးဆေးသက်သာရှိနေပြီး သုခေတ် ကားမောင်းနေခဲ့ရင် အာရုံများမှာလောက် ပျံ့နှံ့နေတဲ့ ကောလဟာလတွေကို ဂရုမစိုက်သည့် ပုံပင်။
ESTÁS LEYENDO
အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]
![အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]](https://img.wattpad.com/cover/331975493-64-k738340.jpg)