(၂၂)

3.1K 286 1
                                    

အိမ်မကြီးရဲ့ ဧည့်ခန်းထဲတွင် ဒေါ်မေသူနှင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

အေးခဲနေသည့် အခြေအနေကြောင့် အိမ်အကူများမှာ မည်သူမှ စကားမစရဲကြ။

မြန်မာပြည်မှာနေ နေတယ်ဆိုတဲ့ အငှားကိုယ်ဝန်ဆောင် အမျိုးသမီးကို ရှာဖို့ အချိန်အတော်လေးပေးလိုက်ရသည်။

သူမ တစ်သက်နဲ့တစ်ကိုယ် ဒီလောက် အပုန်းကောင်းတဲ့ မိန်းမမျိုးကို မကြုံဖူးဘူး။

အောက်ဆုံးရောက်နေတဲ့ အနေအထားနဲ့ ထိုမိန်းမက ရာရာစစ သူ့ မြေးကို ဖွက်ထားရဲ‌တယ်ဆိုတဲ့ အတွေးနဲ့တင် ဒေါသတို့ ပြန်လည်ဆူပွက်လာသည်။

ကားတံခါးဖွင့်သံနဲ့ အတူ
အတွင်းရေးမှူးက အိမ်ထဲကို ဝင်လာကာ သူမနောက်ကနေ သက်တော်စောင့်နှစ်ဦးက မိန်းမတစ်ယောက်ကို ဆွဲခေါ်လာသည်။

"MD ရှာတွေ့လာပါပြီ."

ဒေါ်မေသူနှင်းက အဝင်ဝတံခါးပြန်ပိတ်တဲ့အထိ ‌မျှော်ကြည့်နေသော်လည်း သူမ အမြင်ချင်ဆုံး မြေးဖြစ်သူကို မတွေ့ပေ။

"ဘယ်မှာလဲ ငါ့ကလေး "

"ဒီအမျိုးသမီးကို မေးပေမယ့် လုံးဝ ပြန်မဖြေလို့ MD ဆီပဲခေါ်လာတာပါ "

ဒေါ်မေသူနှင်းရဲ့ တောက်ခေါက်သံက ဧည့်ခန်းထဲရှိလူ အားလုံးကို တောင့်ခဲသွားစေသည်။
"လွှတ်စမ်း ငါ့ကို "
သက်တော်စောင့်တွေ လက်ထဲမှ မိန်းမသည် သူမ လက်တွေကို ဆောင့်ရုန်းပြီး ဒေါ်မေသူနှင်းရှေ့မှာ ရပ်လိုက်၏။

‌သူမသည် ပုံမှန်ထက်ပိုပြီးသွေးအေးနေကာ လှပတဲ့ မျက်နှာတစ်ဝက်လောက်က ဖရိုဖရဲဖြစ်နေသော ဆံပင်တို့ဖြင့် ဖုံးနေသည်။

"နင် ကလေးကို ဘယ်မှာ ဖွက်ထားလဲ " ဒေါ်မေသူနှင်းက မေးသည်။

သူမရှေ့ရှိ မိန်းကလေးသည် အရင်တွေ့ခဲ့တုန်းကထက်စာရင် ပို၍ ပမာမခန့်ပုံစံပေါက်နေ၏။

"ပြောပြီးသွားပြီလေ ရှင်တို့ ဆီမှာရှိနေတဲ့ ကလေးက အဲကလေးပဲလို့ "

ဒေါ်မေသူနှင်းက စားပွဒပေါ်မှာ တင်ထားတဲ့ DNA စစ်ဆေးမှု အဖြေစာရွက်ကိုယူကာ ထိုမိန်းမဆီပစ်ပေါက်လိုက်တယ်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Tahanan ng mga kuwento. Tumuklas ngayon