Episode - 1. Unicode

4.8K 97 2
                                    

"ကောင်းကောင်းရေ !! သားထတော့လေ အလုပ်နောက်ကျတော့မယ်နော်"

"ဟုတ် ထပြီ !မေဦး"

ဒီအိမ်လေးရဲ့မနက်စောစောအချိန်ဆိုလျှင် မေဦးရဲ့ပါးစပ်နှိုးစက်အသံကို ကြားရစမြဲဖြစ်သည်။ကောင်းကောင်းကိုနှိုးပြီးရင်တော့ ပိုင်ပိုင့်ကိုနှိုးတဲ့အသံကြားရအုံးမည်ဖြစ်သည်။ သူတို့ညီအစ်ကိုနှစ်ယောက်လုံးကို နှိုးပြီးသွားရင်တော့ အောက်ထပ်ကိုဆင်းပြီးမနက်စာအဆင်သင့်သွားပြင်နေလောက်ပြီပေါ့။ကောင်းတို့သားအမိသုံးယောက်ရဲ့မနက်ခင်းလေးကတော့ အမြဲတမ်းသာယာစမြဲပါပဲ။ကောင်းကောင်းကတော့ ကားဝပ်ရှော့တွင်အလုပ်,လုပ်ကာ ပိုင်ပိုင်ကတော့အထက်တန်းဒုတိယနှစ်ကျောင်းသားမို့ စာကိုသာခေါင်းမဖော်စတမ်းကြိုးစားနေရ၏။မနက်အိပ်ယာထဖို့နှိုးရတာခက်တာကလွဲရင်တော့ စာမှစာပါပဲ။

ကောင်းတို့အိမ်ကဆင်းရဲနုံချာတာတော့မဟုတ်ပေမဲ့ သူကတက္ကသိုလ်တတ်ပြီး ပိုင်ပိုင်ကအထက်တန်းတတ်နေရလောက်အောင်ထိတော့ မပြေလည်ပေ။ ထို့ကြောင့် ပိုင်ပိုင်ခုနှစ်တန်းတတ်ရမည့်နှစ်မှာ ကောင်းကောင်းတက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော်လည်း  တက္ကသိုလ်မတတ်တော့ဘဲ ကြုံရာအလုပ်ပဲဝင်လုပ်ခဲ့လိုက်သည်။ မေဦးကတော့ သူကျောင်းဆက်မတတ်လို့ဆူပူကြိမ်းမောင်းခဲ့ပေမဲ့ စိတ်မကောင်းဖြစ်လို့ထင်ပါရဲ့ မျက်ရည်လေးတွေလည်းဆို့နေခဲ့၏။မေဦးက အိမ်နောက်ဘေးက အနည်းငယ်ကျယ်ဝန်းတဲ့ခြံလေးထဲမှာ နှင်းဆီပန်းရောင်စုံစိုက်ပြီး အိမ်ရှေ့မှာပဲဆိုင်ခန်းလေးဖွင့်ကာ ရောင်းလေ၏။

ဈေးနဲ့လည်းနီးတော့ ဈေးကလူတွေကအိမ်အထိလာဝယ်ကြသည်။ရပ်ကွက်ထဲကလူတွေကလည်း သူတို့လိုတဲ့အချိန်လာဝယ်ကြ၏။သူတို့ငယ်ငယ်တုန်းကတော့မေဦးရဲ့ပန်းရောင်းလို့ရတဲ့ပိုက်ဆံလေးနဲ့ ညီအစ်ကိုနှစ်ယောက်လုံးကျောင်းတတ်ခဲ့ကြပေမဲ့ အတန်းကြီးလာလေ ငွေရေးကြေးရေးကအဆင်မပြေတော့ပေ။ထို့ကြောင့် ကောင်းကောင်းအဖို့ ကျောင်းနားပြီးအလုပ်,လုပ်ဖို့ဖြစ်လာတော့သည်။မေဦးကတော့ သူ့သားအရင်းပိုင်ပိုင်ကတော့ကျောင်းတတ်နေရပြီး သူ့တူလေးဖြစ်တဲ့ကောင်းကောင်းကတော့ကျောင်းဆက်မတတ်ရလို့ဆိုပြီး အမြဲဝမ်းနည်းနေတတ်၏။

Kiss me more [ on going ]Where stories live. Discover now